Trending Now

ကိုလံဘီယာ၌ ကိုဗစ်-၁၉ ကြောင့် ထောင်တွင်းဆူပူမှုဖြစ်ပွားရာ အကျဉ်းသား ၂၃ ဦး သေဆုံး

Spread the love

ကိုလံဘီယာ၌ ကိုဗစ်-၁၉ ကြောင့် ထောင်တွင်းဆူပူမှုဖြစ်ပွားရာ အကျဉ်းသား ၂၃ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၂၃

ချီလီနိုင်ငံက လှုပ်ရှားမှုကန့်သတ်ချက်များ ကြေညာသည့် နောက်ဆုံး လက်တင်အမေရိကတိုင်းပြည် ဖြစ် လာစဉ် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်သော ကျီးလန့်စာစားဖြစ်ခြင်းကြောင့် ယမန်နေ့က ကိုလံဘီယာနိုင်ငံ ရှိ အကျဉ်းထောင်တစ်ခုအတွင်း ဆူပူအုံကြွမှုတစ်ခု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့သည်။

အကျဉ်းထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ကိုလံဘီယာနိုင်ငံမြို့ တော် ဘိုဂိုတာမြို့ရှိ အကျဉ်းသားများ ပြွတ်သိပ်နေသော အကျဉ်းထောင်တစ်ခုအတွင်း ဆူပူအုံကြွမှုတစ်ခု ဖြစ်ပွား ခဲ့သည်။

တရားရေးဝန်ကြီး မာဂရီတာကာဘယ်လိုက အဆိုပါအကြမ်းဖက်မှုကို လူစုလူဝေးဖြင့် ထောက်ဖောက် ထွင်းရန်ကြိုးပမ်းမှုအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တိုင်းပြည်တစ်ဝန်းရှိ အကျဉ်းထောင် ၁၃ ခုတွင် ဆူပူမှုများ ဖြစ် စေခဲ့သည့် အကျဉ်းသားများ၏ ကြိုတင်စီမံထားသော အစီအစဉ်တစ်ခုဟု ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရင်ဆိုင်ရန် ပြင်ဆင်မှုမရှိသော ထောင်တွင်း၌ ကျန်းမာရေးနှင့်မညီညွတ်သော အခြေအနေများကြောင့် ဆူပူအုံကြွမှုများ ဖြစ်လာခဲ့သည်ဆိုသော လူ့အခွင့်အရေးအုပ်စုများ၏ စွပ်စွဲချက်များကို ကာဘယ်လိုက ပယ်ချခဲ့သည်။

ချီလီနိုင်ငံတွင် မနက်ဖြန် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် အသက်ဝင်လာမည်ဟု ကျန်းမာရေးဝန်ကြီး ဂျိုင်မီမာနာလက်ချ်က မတ်လ ၂၂ ရက်တွင် ကြေညာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှု ၆၃၂ မှုရှိ သော ချီလီနိုင်ငံတွင် အဆိုပါကပ်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ဘရာဇီးနိုင်ငံပြီးလျင် ဒေသတွင်း၌ ဒုတိယမြောက် လူအများဆုံးသေဆုံးမှုရှိခဲ့သည့် အီကွေဒေါနိုင်ငံ၌ ယ မန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံးရှိခဲ့ပြီး ကူးစက်လူနာ ၁၄ ဦး သေဆုံးကာ ကူးစက်မှုပေါင်း ၇၈၉ မှု အထိ မြင့်တက်လာခဲ့သည်။ တိုင်းပြည် အနောက်တောင်ပိုင်းရှိ ကိုဗစ်-၁၉ အဆိုးရွားဖြစ်ပွားရာ ဂွာရက်စ်ပြည်နယ် အား ထိန်းချုပ်ရန် အစိုးရက တပ်မတော်ကို ညွှန်ကြားခဲ့သည်။

အဆိုပါပြည်နယ်ကို “လုံခြုံရေးဇုန်” တစ်ခုအဖြစ် စီမံခန့်ခွဲရန် တပ်မတော်သို့ အာဏာအပ်နှင်းခဲ့ကြောင်း အစိုးရဝန်ကြီး မာရီယာပေါ်လာရိုမိုက ပြောကြားခဲ့သည်။ အီကွေဒေါနိုင်ငံ၌ တစ်တိုင်းပြည်လုံးအတိုင်းအတာ ညမ ထွက်ရအမိန့်ကို ပြီးခဲ့သော အင်္ဂါနေ့ကတည်းက ချမှတ်ခဲ့သည်။

ဒေသတွင်းအစိုးရများက ကမ္ဘာတစ်ဝန်း လူပေါင်း ၁၃၅၀၀ ကျော် သေဆုံးခဲ့သည့် ကိုဗစ်-၁၉ ပျံ့နှံ့မှုထိန်း ချုပ်သည့် ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

အာဂျင်တီးနား၊ ဘိုလီဗီးယား၊ အယ်လ်ဆာဗေဒိုနှင့် ပါရာဂွေးတို့မှာ ပြည်သူများ သွားလာခွင့်ပိတ်ပင်ထားသည့် တိုင်းပြည်များဖြစ်သည်။

–ကိုးကား–အေအက်ဖ်ပ
Ref; Prison riot kills 23 in Colombia as Chile enforces virus curfew


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။