Trending Now

မာလာဝီနိုင်ငံမှာ ဆိုင်ကလုန်း Freddy ကြောင့် သေဆုံးသူ ၃၂၆ ဦး အထိရှိလာ

Spread the love

မာလာဝီနိုင်ငံမှာ ဆိုင်ကလုန်း Freddy ကြောင့် သေဆုံးသူ ၃၂၆ ဦး အထိရှိလာ

EPN
နိုင်ငံတကာ၊ မတ် ၁၇

မာလာဝီနိုင်ငံမှာ အပူပိုင်းဆိုင်ကလုန်း Freddy ကြောင့် သေဆုံးသူ ၃၂၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရဲ့ သမ္မတက ယမန်နေ့ညနေက ရုပ်မြင်သံကြား ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ၂၂၅ ဦးကနေ ၃၂၆ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူနဲ့ ပျောက်ဆုံးနေသူအရေအတွက်ဟာ ၂၀၁ ဦးနဲ့ ၇၉၆ ဦးအထိ အသီးသီးမြင့်တက်လာခဲ့တယ်လို့ သမ္မတ လာဇရု ချာ့ဝီရာ ကပြောကြားခဲ့ပါတယ်။

“အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ အိမ်ထောင်စုအရေအတွက်ဟာ ၁၈၃၁၅၉ ဦးအထိ နှစ်ဆကျော် တိုးလာပြီး အခုဆို ၄၀၇၀၂ လောက်ရှိသွားပြီ” လို့ သမ္မတက ပြောပါတယ်။

မာလာဝီနိုင်ငံရဲ့ တာဝန်ရှိသူတွေအဆိုအရ မုန်းတိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတစ်ဝှမ်းမှာ အရေးပေါ်ကယ်ဆယ်ရေး စခန်း ၃၁၇ ခုကို ထူထောင်ထားတယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေထံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ပျက်စီးဆုံးရှုံးမှု နဲ့ စိတ်ပျက်အားငယ်မှုဟာ “မယုံနိုင်စရာ ကြီးမားလွန်းတယ်” လို့ မာလာဝီခေါင်းဆောင်က ဖော်ပြခဲ့ပါတယ်။

တစ်ချိန်းတည်းမှာပဲ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်းအထိ လှူဒါန်းသွားမယ်လို့ ကတိပြုထားပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။