Trending Now

မိုးအကြိုနှင့် မိုးရာသီ ကာလအတွင်း စိုက်ပျိုးထားသည့် ပျိုးပင်ရှင်သန်မှုများအား သယံဇာတရေးရာဝန်ကြီး စစ်ဆေးကြည့်ရှူ့

Spread the love

မိုးအကြိုနှင့် မိုးရာသီ ကာလအတွင်း စိုက်ပျိုးထားသည့် ပျိုးပင်ရှင်သန်မှုများအား သယံဇာတရေးရာဝန်ကြီး စစ်ဆေးကြည့်ရှူ့

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၃

မိုးအကြိုနှင့် မိုးရာသီ အတွင်း စိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနမှ စိုက်ပျိုးထားသည့် ပျိုးပင်များရှင်သန်မှု အခြေအနေနှင့်ပတ်သက်၍ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ လိုက်လံစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ပျိုးပင်များကို မိုးအကြိုနှင့် မိုးရာသီကာလအတွင်း နည်းပညာတက္ကသိုလ် နှင့် မြစ်ကြီးနား တက္ကသိုလ်တို့တွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး ပျိုးပင်ရှင်သန်မှုများ ရာနှုန်းပြည့်နီးပါးဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ပြည်နယ်ရံပုံငွေက ခွင့်ပြုပေးထားတာပါ အဓိကကတော့ မိုးရာသီ လူထုဖြန့်ဆိုတဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ပြည်သူလူထုပါဝင်ပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အရင်နှစ်တွေကလည်းစိုက်ပျိုးဖြန့်ပေးမှုတွေလုပ်ပါတယ် အခုနောက်ပိုင်းမှာတော့ ပျိုးပင်ဖြန့်ပေးတဲ့အပေါ် သစ်တောဌာနက။ ပျိုးပင်ရှင်သန်မှုတွေကို လိုက်လံစစ်ဆေးတယ် ပျိုးပင်ရှင်သန်မှုအပိုင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးတာတွေလုပ်ဆောင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပျိုးပင်များကို ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်စိုက်ပျိုးဉယျာဉ်တို့တွင်စိုက်ပျိုးလျက်ရှိပြီး ပြီးခဲ့သည့် မိုးရာသီ စိုက်ပျိုးချိန်၌ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးလက် မြို့နယ် စသည့် စာသင်ကျောင်းများတွင် ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ စိုက်ပျိုးပင်ပေါက် တစ်သိန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။