Trending Now

မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်ပြင်ဆင်ပြီ

Spread the love

မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်ပြင်ဆင်ပြီ

EPN
ရန်ကုန်၊ ဧပြီ ၄

မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန်နိုင်ငံတော်မှခွင့်ပြုလိုက်ပြီဖြစ်ပြီး ဆေးပညာရှင်များ‌ ဆေးထုတ်လုပ်ရာတွင်လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်ရှိ ဒေါက်တာ အောင်မြင့်သည် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် နည်းလမ်းတွေ့ရှိထားကာ ဆေးထုတ်လုပ်ရန်အချိန် (၂)ပါတ်နှင့် လတ်တလောကုန်ကျစရိတ် မြန်မာငွေ ကျပ်သိန်း (၁၅၀) ခန့်ရှိမည်ဖြစ်ပြီး နိုင်ငံတော်မှ ခွင့်ပြုချက်ရရန် လိုအပ်နေကြောင်း ရန်ကုန်ဆေးသုတေသနဌာန၌ ဆွေးနွေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။

“ခွင့်ပြုပေးလိုက်ပါပြီ၊ ခုကဆေးသုတေသနဌာနနဲ့ပူးပေါင်းဆောင်ရွက်လို့ရအောင် စီစဉ်နေပါတယ်”ဟု ၎င်းကပြောသည်။

COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုမည့် ဓါတ်ခွဲခန်းသုံးပစ္စည်းများဝယ်ယူရန် လတ်တလောကျပ်သိန်း (၁၅၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ဆေးထုတ်လုပ်မည့်အသေးစိတ်အချက်အလက်များကို ညှိနှိုင်းလျှက်ရှိကြောင်းသိရသည်။

COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် နည်းလမ်းတွေ့ရှိသူ ဒေါက်တာအောင်မြင့်သည် ယခင်ညကြက်မွေးမြူ ရေးလောကတွင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ကြက်လေပြွန်ယောင်ရောဂါ (IB disease) ဖြစ်ပွားစဉ်က ကိုယ်တိုင် ကာကွယ်ဆေးထုတ်လုပ်ပြီး ထိရောက်စွာကုသပေးခဲ့ဘူးကြောင်းနေပြည်တော်မှဒေါက်တာ သန်းဇော်ဦးက ပြောသည်။

“အစမ်းသပ်ခံမယ့် လူငယ်တွေလည်း အသင့်ရှိနေပါပြီ၊ဆေးထုတ်ပြီးရင် လူသားတွေကိုလည်း ကယ်တင်ခွင့်ရမယ်၊ နိုင်ငံတကာကိုလည်း ဒီနည်းလမ်းကို မိတ်ဆက်ပေးနိုင်မယ် ” ဟု ၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဓါတ်ခွဲအတည်ပြုလူနာ (၂၀) ဦးရှိကာအသက် (၆၉) နှစ်ရှိပြီဖြစ်သော ငါးယောက်မြောက် ကူးစက်ခံရသူလူနာမှာ ယခုနှစ် မတ်လ ၃၁ ရက်တွင်သေဆုံးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဆေးပညာရှင်များ ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

သွေးသစ်(ရန်ကုန်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။