Trending Now

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ပင်လယ်ဘူးမြို့ကို ထိန်းချုပ်နိုင်၊ ဒေသရှင်းလင်းရေး ဆက်လက်ဆောင်ရွက်

Spread the love

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ပင်လယ်ဘူးမြို့ကို ထိန်းချုပ်နိုင်၊ ဒေသရှင်းလင်းရေး ဆက်လက်ဆောင်ရွက်

EPN
ပင်လယ်ဘူး၊ မတ် ၁၂ (၂၀၂၄)

ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၏ တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ တည်ငြိမ်အေးချမ်းရေး ထိန်းချုပ်နိုင်ရေးအတွက် မတ်လ ၁၁ ရက်နေ့တွင် ထိုးစစ်စတင်ခဲ့ကာ မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဒေသအတွင်း ရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

SNA  တပ်မဟာ ၆၁၄ သိုဟန်ဘွားစစ်ကြောင်းသည် ပင်လည်ဘူးမြို့ထဲသို့ ဝင်ရောက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာ မတ်လ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတွင်း နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း SNA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ မတ်လ ၁၁ရက်နေ့က ထိုးစစ်ဆင်ခဲ့တာ ဟုတ်တယ်။ ညနေပိုင်းမှာတော့ မြို့ကို ထိန်းချုပ်နိုင်ပါပြီ။ SNA က အခု မြို့ထဲမှာ ရောက်သွားလို့ လုံခြုံရေး ယူပေးထားတယ်။ ကျန်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်နေပါတယ်။ ပင်လည်ဘူးမြို့ထဲ မရောက်ခင် လမ်းမှာတော့ KIA/ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့တယ် ” ဟု ယင်းကပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်သို၊ ကောလင်း၊ တမူး၊ မော်လိုက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ အင်းတော်နှင့် ကချင်ပြည်နယ် အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ကာမိုင်း၊ အင်းတော်ကြီး၊ သံလမ်းရိုးတစ်လျှောက် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

အဆိုပါ နယ်မြေများအတွင်း KIA/ PDF ပူးပေါင်းအဖွဲ့တို့ လှုပ်ရှားလာခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ကျော်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။