Trending Now

တနိုင်းမြို့ရှိ IDP စခန်းများ၌ ရာသီတုပ်ကွေးရောဂါအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလို

Spread the love

တနိုင်းမြို့ရှိ IDP စခန်းများ၌ ရာသီတုပ်ကွေးရောဂါအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလို

 

EPN
တနိုင်း ၊ ဇူလိုင် ၄

ကချင်ပြည်နယ် တနိုင်းမြို့တွင်းရှိ တိုက်ပွဲရှောင် စခန်း (၄)ခုမှာ မိုးရာသီကာလတွင် အဖြစ် များသည့် ရာသီတုပ်ကွေးနှင့်ပက်သက်၍ ကာကွယ်ဆေးဖျန်ချင်း၊ ဘိတ်ဆေးခတ်ပေးချင်းများကို ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးစေလိုကြောင်း တနိုင်းမြို့ IDP စခန်းကော်မရှင် ထံမှသိရသည်။

ယခု မိုးရာသီကာလတွင် အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါအတွက် ကျန်းမာရေးဌာနမှ ဆေးဖျန်းခြင်းများမပြုလုပ်သေးပေမဲ့ ကမ္ဘာကပ်ရောဂါ Covid-19 နှင့် ပက်သက်၍ အသိပညာပေးချင်း ဆပ်ပြာများထားပေးခြင်း Mask များဖြန့်ဝေချင်းများပြုလုပ်ပေးကြောင်း တနိုင်းမြို့ IDP Camps ကော်မရှင် ဒုဥက္ကဌ ဦးနော်တောင်က ပြောသည်။

“မိုးရာသီမှာအဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါအတွက်တော့ ဆေးဖျန်းတာတွေ ဆေးခတ်ပေးတာတွေတော့လာမလုပ်ပေးသေဘူး၊ ဒါပေမဲ့ COVID-19 ရောဂါအတွက်တော့ ဗီနိုင်းတွေ၊ပိုစ်စတာတွေ၊ ဆပ်ပြာတွေ၊ Mask တွေကိုတော့ လာဖျန့်ဝေတယ်၊ အသိပညာတွေပေးပါတယ်၊ အခုဒီ တုပ်ကွေးအတွက်ကိုလည်း ကာကွယ်ရေးတွေ ပြုလုပ်ပေးစေချင်ပါတယ်။ “ဟု ၎င်းကပြောသည်။

ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် အဆိုပါ IDP Camps နေထိုင်လုပ်ကိုင်နေသည့် နေ့စား အလုပ်သမားတွေအတွက် အခတ်အခဲများရှိနေကြောင်း ဦးနော်တောင်က ဆက်ပြောခဲ့သည်။

“ကျနော်တို့ ကန့်ကသူတွေက အရင်ကဆိုရင် နေ့စားအဖြစ် အလုပ်ထွက်လုပ်ကြတယ် ၊ ဒီ ကိုဗစ်ကြောင့် အလုပ်အကိုင်တွေအဆင်မပြေတဲ့အခါ စားဝတ်နေရေးတွေမှာ အခတ်အခဲတွေကြုံရတယ်၊ အခုမိုးတွင်းကာလဆိုတော့ ပိုဆိုးတယ်၊ သက်ဆိုင်ရာတွေကလည်း ကျနော်တို့ IDPကန့်တွေအတွက် အထူးအလေးထား ပြီးထောက်ပံ့ပေးစေလိုပါတယ်၊ “ဟု ပြောသည်။

တနိုင်းမြို့တွင်းရှိ IDP စခန်းလေးခုတွင် အိမ်ထောင်စုပေါင်း (၃၅၀)ကျော် ၊ လူဦးရေ (၁၅၀၀) ကျော်ရှိပြီး နေရပ်ရှောင်နေသည်မှာ ၃ နှစ်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။