Trending Now

​ပထမအႀကိမ္​ ​ေပ်ာ္​ပြဲ႐ႊင္​ပြဲ အားကစားၿပိဳင္​ပြဲ ​ေအာင္​​ေျမသာစံျပ​ေက်း႐ြာတြင္​က်င္​းပ

Spread the love

ပထမအႀကိမ္​ ​ေပ်ာ္​ပြဲ႐ႊင္​ပြဲ အားကစားၿပိဳင္​ပြဲ ​ေအာင္​​ေျမသာစံျပ​ေက်း႐ြာတြင္​က်င္​းပ 

EPN 
ေအာင္ျမင္သာ၊ မတ္​၁၈

SPIC/ACHCကုမၼဏီက ႀကီးမွဴးၿပီး ​ေပ်ာ္​ပြဲ႐ႊင္​ပြဲအားကစားၿပိဳင္​ပြဲကို ​ေအာင္​​ျမင္​သာစံျပ​ေက်း႐ြာတြင္​ပထမဆံုးအႀကိမ္​​အျဖစ္​ မတ္​လ၁၈ရက္​​ေန႔က က်င္​းပျပဳလုပ္​ခဲ့သည္​။ 


အားကစားနွင့္ ကာယပညာဦးစီးမွဴး ဦးရဲထြန္​းက “ကြၽန္​​ေတာ္​တို႔ဌာနအ​ေနနဲ႔ အခုၿပိဳင္​ပြဲအတြက္​လိုအပ္​တဲ့ နည္​းျပ​ေတြ၊ အားကစားပစၥည္​း​ေတြကို ကူညီ​ေပးဖို႔​ေျပာခဲ့​ေပမယ္​့ ကုမၼဏီက အမွာစကားဘဲ​ေျပာၾကား​ေပးဖို႔ ​ေျပာတဲ့အတြက္​ မကူညီလိုက္​ရဘူး။ ဌာနအ​ေနနဲ႔က​ေတာ့ ကူညီဖို႔အဆင္​သင္​့့ပါ။ အားကစားနဲ႔ ကာယပညာဦးစီးဌာန အ​ေနနဲ႔ ​ေက်းလက္​​ေရာၿမိဳ႕ပါမက်န္​ ​ေႏြရာသီအားကစားသင္​တန္​း​ေတြ ပို႔ခ်သင္​ၾကား​ေနတယ္။ ​ေအာင္​​ျမင္​သာ​ေက်း႐ြာမွာလည္း အားကစားနဲ႔ပတ္​သက္​ၿပီး လာ​ေရာက္​​ေထာက္​ပံ့တာ၊ ၿပိဳင္​ပြဲ​ေတြျပဳလုပ္​သြားဖို႔ရွိတယ္​”ဟု အဆိုပါအခမ္​းအနားတြင္​​ ​ေျပာၾကားခဲ့သည္​။ 

အဆိုပါ အားကစားၿပိဳင္​ပြဲတြင္​ အာလူး​ေကာက္​ၿပိဳင္​ပြဲ၊ မီတာ၁၀၀အ​ေျပးၿပိဳင္​ပြဲ အ​ေလးပစ္​ၿပိဳင္​ပြဲႏွင္​့ ထိုင္ခံုလုၿပိဳင္​ပြဲ​စသည္​့ အားကစားနည္​းမ်ားကို ယွဥ္​ၿပိဳင္​ရမည္​ျဖစ္​ၿပီး ၿပိဳင္​ပြဲတြင္​ အသက္​၃နွစ္​မွ အသက္​၇၀အ႐ြယ္​ထိ ဝင္​​ ​ေရာက္​ယွဥ္​ၿပိဳင္​နိုင္​မည္​ဟု သိရသည္​။ 

SPIC /ACHC ကုမၼဏီမွ ျမစ္​ႀကီးနားတာဝန္​ခံ မစၥတာက်န္​းဟုန္​း​ေကြ႕က​ေတာ့ ​​”​ေအာင္​​ျမင္​သာ စံျပ​ေက်း႐ြာက လူႀကီး​ေတြ​ေကာ လူငယ္​​ေတြ​ေကာ ဥာဏ္​ပညာထက္​ျမတ္​​ေစဖို႔၊ က်န္​းမားသန္​စြမ္​း​ေပ်ာ္​႐ႊင္​​ေစဖို႔ အခုလို​ေပ်ာ္​ပြဲ႐ႊင္​ပြဲ အားကစားၿပိဳင္​ပြဲကို လုပ္​​ေပးရတာျဖစ္​တယ္​”ဟု ​ေျပာၾကားခဲ့ပါသည္​။ အဆိုပါၿပိဳင္​ပြဲတြင္​ ဆုရရွိသူမ်ားကို ပထမဆုကို က်ပ္​ တစ္သိန္​း၊ ဒုတိယဆုကို က်ပ္​ ရွစ္​ေသာင္​း၊ တတိဆုကိုက်ပ္​ ေျခာက္​ေသာင္​းနွင္​့ အျခားနွစ္​သိမ္​့ဆုမ်ားကိုခ်ီး ျမင္​့မည္​ ဟုသိရသည္​။ 

“SPIC/ACHC ကုမၼဏီအ​ေနနဲ႔​ ​ေက်း႐ြာမွာ အခုလိုမ်ိဳးလာ​ေရာက္​ျပဳလုပ္​​ေပးတာကို ​ေက်းဇူးတင္​တယ္​။ ​ေနာက္ထပ္​ ​ေက်း႐ြာမွာ လိုအပ္​​ေနတဲ့​ေနရာ​မ်ားမွာလည္​း ကူညီ​ေပး​ေစခ်င္​တယ္​။ အခု​ေအာင္​ျမင္သာ ​ေက်း႐ြာဟာ  အရင္​ကလိုမဟုတ္​​ေတာ့ဘဲ SPIC/ACHC ကုမၼဏီ​ေၾကာင္​့ တိုးတက္​​ေျပာင္​းလဲလာတာကိုလဲ ​ေတြ႕ရပါတယ္ ” ဟု ​ေအာင္​ျမင္​သာ​ေက်း႐ြာ အုပ္​ခ်ဳပ္​​ေရးမွဴး ဦး​ေနာ္​ဂ်ာ က ​ေက်းဇူးတင္​စကား​​၌ ထည္​့သြင္​း​ေျပာၾကားခဲ့သည္​။ 

အဆိုပါ အားကစားၿပိဳင္​ပြဲ၌ KBC မူႀကိဳ​ေက်ာင္​းမွ ရင္​​ေသြးငယ္​က​ေလးမ်ား၊ RCလူငယ္​မ်ား၊ ကတ္​သလစ္​လူငယ္​မ်ားမွ အခမ္​းအနား တက္​​ေရာက္​လာသူမ်ားကို အကအလွမ်ားနဲ႔​ေဖ်ာ္​​ေျဖ တင္​ဆက္​​ေပးခဲ့ၾကသည္​။

၄င္း SPIC/ACHC ကုမၸဏီသည္  ​ေအာင္​​ျမင္​သာ​ေက်း႐ြာအား လွ်ပ္​စစ္​မီးအခမဲ့​ေပး​ေဝျခင္​း၊ ႐ိုးရာ ဂ်ပ္ခုတ္ သင္တန္း၊ လက္​မႈအတတ္ပညာ သင္တန္းမ်ား ဖြင့္လွစ္ေပးေနသည့္အျပင္ ေဒသခံျပည္သူမ်ား မိသားစု အပို၀င္ေငြရရွိေစမည့္ တႏိုင္တပိုင္မွသည္ စီးပြားျဖစ္သို႕လုပ္ကိုင္သြားႏိုင္သည့္ သေဘၤာပင္ စိုက္ပ်ိဳးနည္းစနစ္ ျဖန္႕ေ၀ေပးျခင္း ကဲ့သို႕ေသာ လူထုအက်ိဳးျပဳလုပ္​ငန္​းမ်ားကို ​ စဥ္ဆက္မျပတ္ ေထာက္​ပ့ံကူညီလ်က္​ရွိသည္။

မိုး​ေလး
—————————————

ပထမအကြိမ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ အောင်မြေသာစံပြကျေးရွာတွင်ကျင်းပ

EPN
အောင်မြင်သာ၊ မတ်၁၈

SPIC/ACHCကုမ္မဏီက ကြီးမှူးပြီး ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲကို အောင်မြင်သာစံပြကျေးရွာတွင်ပထမဆုံးအကြိမ်အဖြစ် မတ်လ၁၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အားကစားနှင့် ကာယပညာဦးစီးမှူး ဦးရဲထွန်းက “ကျွန်တော်တို့ဌာနအနေနဲ့ အခုပြိုင်ပွဲအတွက်လိုအပ်တဲ့ နည်းပြတွေ၊ အားကစားပစ္စည်းတွေကို ကူညီပေးဖို့ပြောခဲ့ပေမယ့် ကုမ္မဏီက အမှာစကားဘဲပြောကြားပေးဖို့ ပြောတဲ့အတွက် မကူညီလိုက်ရဘူး။ ဌာနအနေနဲ့ကတော့ ကူညီဖို့အဆင်သင့်ပါ။ အားကစားနဲ့ ကာယပညာဦးစီးဌာန အနေနဲ့ ကျေးလက်ရောမြို့ပါမကျန် နွေရာသီအားကစားသင်တန်းတွေ ပို့ချသင်ကြားနေတယ်။ အောင်မြင်သာကျေးရွာမှာလည်း အားကစားနဲ့ပတ်သက်ပြီး လာရောက်ထောက်ပံ့တာ၊ ပြိုင်ပွဲတွေပြုလုပ်သွားဖို့ရှိတယ်”ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ၊ မီတာ၁၀၀အပြေးပြိုင်ပွဲ အလေးပစ်ပြိုင်ပွဲနှင့် ထိုင်ခုံလုပြိုင်ပွဲစသည့် အားကစားနည်းများကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်၃နှစ်မှ အသက်၇၀အရွယ်ထိ ဝင် ရောက်ယှဉ်ပြိုင်နိုင်မည်ဟု သိရသည်။

SPIC /ACHC ကုမ္မဏီမှ မြစ်ကြီးနားတာဝန်ခံ မစ္စတာကျန်းဟုန်းကွေ့ကတော့ “အောင်မြင်သာ စံပြကျေးရွာက လူကြီးတွေကော လူငယ်တွေကော ဉာဏ်ပညာထက်မြတ်စေဖို့၊ ကျန်းမားသန်စွမ်းပျော်ရွှင်စေဖို့ အခုလိုပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲကို လုပ်ပေးရတာဖြစ်တယ်”ဟု ပြောကြားခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆုကို ကျပ် တစ်သိန်း၊ ဒုတိယဆုကို ကျပ် ရှစ်သောင်း၊ တတိဆုကိုကျပ် ခြောက်သောင်းနှင့် အခြားနှစ်သိမ့်ဆုများကိုချီး မြင့်မည် ဟုသိရသည်။

“SPIC/ACHC ကုမ္မဏီအနေနဲ့ ကျေးရွာမှာ အခုလိုမျိုးလာရောက်ပြုလုပ်ပေးတာကို ကျေးဇူးတင်တယ်။ နောက်ထပ် ကျေးရွာမှာ လိုအပ်နေတဲ့နေရာများမှာလည်း ကူညီပေးစေချင်တယ်။ အခုအောင်မြင်သာ ကျေးရွာဟာ  အရင်ကလိုမဟုတ်တော့ဘဲ SPIC/ACHC ကုမ္မဏီကြောင့် တိုးတက်ပြောင်းလဲလာတာကိုလဲ တွေ့ရပါတယ် ” ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာ က ကျေးဇူးတင်စကား၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲ၌ KBC မူကြိုကျောင်းမှ ရင်သွေးငယ်ကလေးများ၊ RCလူငယ်များ၊ ကတ်သလစ်လူငယ်များမှ အခမ်းအနား တက်ရောက်လာသူများကို အကအလှများနဲ့ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြသည်။

၎င်း SPIC/ACHC ကုမ္ပဏီသည်  အောင်မြင်သာကျေးရွာအား လျှပ်စစ်မီးအခမဲ့ပေးဝေခြင်း၊ ရိုးရာ ဂျပ်ခုတ် သင်တန်း၊ လက်မှုအတတ်ပညာ သင်တန်းများ ဖွင့်လှစ်ပေးနေသည့်အပြင် ဒေသခံပြည်သူများ မိသားစု အပိုဝင်ငွေရရှိစေမည့် တနိုင်တပိုင်မှသည် စီးပွားဖြစ်သို့လုပ်ကိုင်သွားနိုင်သည့် သင်္ဘောပင် စိုက်ပျိုးနည်းစနစ် ဖြန့်ဝေပေးခြင်း ကဲ့သို့သော လူထုအကျိုးပြုလုပ်ငန်းများကို  စဉ်ဆက်မပြတ် ထောက်ပံ့ကူညီလျက်ရှိသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။