Trending Now

ချစ်သူဟောင်းမိန်းကလေးကို ခြိမ်းခြောက်ပြီးပြန်ပေးဆွဲမှုနဲ့ ထိုင်းအမျိုးသားတစ်ဦး အဖမ်းခံရ

Spread the love

ချစ်သူဟောင်းမိန်းကလေးကို ခြိမ်းခြောက်ပြီးပြန်ပေးဆွဲမှုနဲ့ ထိုင်းအမျိုးသားတစ်ဦး အဖမ်းခံရ

EPN
နိုင်ငံတကာ၊ မတ် ၁၁

ရည်းစားဟောင်း မိန်းကလေးတစ်ဦးကို ဓားနဲ့ခြိမ်းခြောက်ပြီး ဘန်ကောက်အနီးက ပသုန်သန်နီ ပြည်နယ်မှာ ပြန်ပေးဆွဲခဲ့တဲ့ အမျိုးသားတစ်ဦးကို ပတ္တရားရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားစွဲဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ အန့် လိုအမည်ရတဲ့ အမျိုးသားဟာ သူ့ရဲ့ ချစ်သူမိန်းကလေး ကနတ္ထိကို အရင် ချစ်သူဟောင်း အမျိုးသားတစ်ဦးက ပြန်ပေးဆွဲသွားတယ်လို့ မွမ်သနီမြို့မ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က တိုင်ကြားခဲ့တာပါ။

သံသယရှိသူဟာ အသက် ၂၄ နှစ်အရွယ် ကန်တီနန် ဆိုတဲ့အမျိုးသား တစ်ဦးဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က လမ်းခွဲခဲ့တဲ့ ကနတ္ထိ ရဲ့ ရည်းစားဟောင်တစ်ဦးဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ မနက်ခင်းမှာ သမီးရည်စားစုံတွဲက ဆိုင်ကယ်နဲ့ အလုပ်သွားဖို့ ပြင်ဆင်နေချိန်မှာ ရည်စားဟောင်ဖြစ်သူက နှစ်ယောက်စလုံးကို ဓါးနဲ့ ထောက်ပြီး မိန်းကလေးကို ပြန်ပေးဆွဲခဲ့တာလို့ အန့်က ပြောပါတယ်။

အန့်က ကနတ္ထိ ရဲ့အိမ်ကို လိုက်သွားကြည့်ခဲ့ပေမယ့် ဘယ်သူမှအိမ်မှာ မရှိတာကြောင့် ရဲစခန်းကို တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာတလျှောက် CCTV ကင်မရာတွေနဲ့ ကန်တီနန်ရဲ့ နေအိမ်ကို စစ်ဆေးခဲ့ပြီးနောက် ကားတစ်စီးနဲ့ နေအိမ်က ထွက်ခွာသွားခဲ့တာကို သိရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ပတ္တရား ကမ်းခြေမှာရှိနေကြောင်း သိရှိရတဲ့အတွက် ကန်တီနန်နဲ့ ကနတ္ထိကို သဲသောင်ပြင် စားသောက်ဆိုင်မှာ စားသောက်နေစဉ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖမ်းဆီးရမိထားတဲ့ ရည်းစားဟောင်းဖြစ်သူကို စွဲချက်ငါးခုနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်နီးပါး ကျခံရမှာဖြစ်ပါတယ်။

Ref; thethaiger

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။