Trending Now

ကူဝိတ်နိုင်ငံသို့ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ ပက်ထရီးယော့ဒုံးကျည်များ ရောင်းချရန် ပင်တဂွန် အတည်ပြု

Spread the love

ကူဝိတ်နိုင်ငံသို့ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ ပက်ထရီးယော့ဒုံးကျည်များ ရောင်းချရန် ပင်တဂွန် အတည်ပြု

EPN
နိုင်ငံတကာ၊ မေ ၂၉

ကူဝိတ်နိုင်ငံသို့ ခန်းမှန်းချေ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိ ပက်ထရီးယောဒုံးကျည်များ ရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီက ပြောကြားသည်။

ပက်ထရီးယော့ PAC- ဒုံးကျည်များ ရောင်းချမည့်ကန်ထရိုက်တာမှာ လော့ဟိမာတင်မာတင်ကော်ပိုရေး ရှင်းဖြစ်ကြောင်း ပင်တဂွန်အေဂျင်စီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ကူဝိတ်အစိုးရက ပက်ထရီးယော့ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

ပက်ထရီးယော့ဒုံးကျည်များကြောင့် ကူဝိတ်နိုင်ငံ၏ လက်ရှိနှင့်အနာဂတ် ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်စွမ်းရှိ လာမည်ဖြစ်သလို အရေးပါသော ရေနံနှင့်ဓာတ်ငွေ့ဆိုင်ရာ အခြေခံအဆောက်အအုံများ၏ လုံခြုံရေးဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။

ကူဝိတ်နိုင်ငံက လက်ရှိနှင့်အနာဂတ် ခြိမ်းခြောက်မှုများ ပိုမို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် ယင်း၏ လေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို အင်အားဖြည့်တင်းလိုသည်။ လက်နက်ကိုင်တပ်ဖွဲ့၌ ပက်ထရီးယော့ဒုံးကျည် များ အသုံးပြုရာတွင် ကူဝိတ်နိုင်ငံအနေဖြင့် အခက်အခဲရှိမည်မဟုတ်ပေ။

PAC-3 မြေပြင်-ဝေဟင်ခွင်းဒုံးကျည်ကာကွယ်ရေးစနစ်က ပတ်ဝန်းကျင်အားလုံးတွင် အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ဒုံးခွင်းစနစ်တစ်မျိုးဖြစ်သည်။

PAC-3 ဒုံးကျည်ကာကွယ်ရေးစနစ်က မြေပြင်တပ်ဖွဲ့များနှင့် အရေးပါသော အဆောက်အအုံများကို ခေတ်မီလေယာဉ်များမှ ခရုဇ်ဒုံးကျည်များ၊ နည်းပရိယာယ်ဒုံးကျည်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးသည်။

–ကိုးကား–
ဒီဖန့်ဘလော့
Ref; Pentagon approves Patriot missile sale to Kuwait worth $800 million


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။