Trending Now

မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ကင်းစင် သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်မည်

Spread the love

မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ကင်းစင် သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်မည်

EPN
မြစ်ကြီးနား၊ ဇွန် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် မူးယစ်ကင်းစင် သင်တန်းကျောင်းများစုပေါင်းမိတ်သဟာယ ဘောလုံးပြိုင်ပွဲကို ယခုလအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မူးယစ်ကင်းစင်သင်တန်း ကျောင်းများတွင် တက်ရောက်နေသည့် သင်တန်းသားများ စိတ်ဓာတ်ခွန်အား မြင့်မားလားစေရန်၊ ကိုယ်ကာယကျန်းမာစေရန်နှင့် အားကစားများ ပြုလုပ်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးဘက်တွင် စိတ်ပါဝင်စားမှုလျော့နည်းလာစေရန်အတွက် ရည်ရွယ်ကာ ကျင်းပပေးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” နှစ်စဥ်တော့ အခုလို မူးယစ်ကင်းစင်သင်တန်း ကျောင်းတွေပေါင်းပြီး အကျဥ်းချုပ်လောက်ပဲ ဆောင်ရွက်လေ့ရှိကြတယ်။ ဒီနှစ်တော့ ပြည်နယ်အားကာနဲ့ပူးပေါင်းပြီး ခမ်းခမ်းနားနားလေးဆောင်ရွက်ဖြစ်တာပါ။ အဓိကကတော့ မူးယစ်ဆေးဖြတ်နေကြတဲ့ လူငယ်တွေ စိတ်ဓာတ်ခွန်အား တက်လာစေဖို့၊ သူတို့တွေရဲ့ ကိုယ်ခန္ဓာကျန်းမာရေး ကောင်းမွန်စေဖို့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးဖြစ်တာပါ ” ဟု ၎င်းကပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြစ်ကြီးနားမြို့ပေါ်နှင့် အနီးအနားရှိ မြို့များမှ စုစုပေါင်းအသင်း ၁၀ သင်းဝင်ရောက်ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။