Trending Now

ပျောက်ဆုံးနေတဲ့ ဂျပန် စစ်ဘက်သုံး တိုက်လေယာဉ်ကိုပြန်တွေပေမယ့် လေယာဉ်မှူးပျောက်ဆုံးနေဆဲဖြစ်

Spread the love

ပျောက်ဆုံးနေတဲ့ဂျပန်စစ်ဘက်သုံးတိုက်လေယာဉ်ကိုပြန်တွေပေမယ့်လေယာဉ်မှူးပျောက်ဆုံးနေဆဲဖြစ်
 
EPN
နိုင်ငံတကာ၊ ဧပြီ ၁၁
ဂျပန်F -35 တိုက်လေယာဉ်အပျက်အစီးအပိုင်းအစများကိုပြန်တွေ့ရှိခဲ့ကြောင်းဂျပန်အာဏာပိုင်များကပြောပါတယ်။ဂျပန်တိုက်လေယာဉ်ဟာဂျပန်နိုင်ငံမီဆာဝါမြို့အရှေ့ပိုင်းမှပစီဖိတ်သမုဒ္ဒရာဘက်ခြမ်းဆီယမန်နေ့ကလေကျင့်ပျံသန်းချိန်မှာရေဒါနဲ့အဆက်သွယ်ပြတ်တောက်ကာပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
 
တိုက်လေယာဉ်လေယာဉ်မှူးကပျောက်ဆုံးနေဆဲဖြစ်ပြီးဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ဂျပန်စစ်ဘက်တာဝန်ရှိသူများကပြောပါတယ်။ပစိဖိတ်သမုဒ္ဒရာအတွင်းရှာဖွေမှုများပြုလုပ်ချိန်မှာတိုက်လေယာဉ်အပျက်စီးအပိုင်းအစများကိုပြန်တွေရှိခဲ့တာဖြစ်တယ်လို့ဂျပန်အာဏာပိုင်များကဆိုပါတယ်။
 
အဆိုပါတိုက်လေယာဉ်ဟာဂျပန်စစ်ဘက်မှာအသုံးပြုနေတဲ့သက်တမ်းတစ်နှစ်နီးပါးသာရှိပြီးပျက်ကျရသည့်အကြောင်းအရင်းကိုမသိသေးပါဘူး၊ပျောက်ဆုံးနေတဲ့အသက်၄၀အရွယ်ရှိဂျပန်လေယာဉ်မှူးကိုကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းF- 4 အမျိုးစားတိုက်လေယာဉ်များနေရာမှာF 35 တိုက်လေယာဉ်တွေကိုအစာထိုးအသုံးပြုခဲ့ပါတယ်။
———————————————————–
EPN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။