Trending Now

ခလုံးကျေးရွာအနီး မိုးရွာသွန်းကြောင့် လမ်းပြိုကျမှုဖြစ်ပွားကာ သွားလာရခက်ခဲနေ

Spread the love

ခလုံးကျေးရွာအနီး မိုးရွာသွန်းကြောင့် လမ်းပြိုကျမှုဖြစ်ပွားကာ သွားလာရခက်ခဲနေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နယ်ရှိ ခလုံးကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းမကြီးတွင် မိုးရွာသွန်းမှုကြောင့် လမ်းပြိုကျကာ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

အဆိုပါလမ်းမှာ ခလုံးကျေးရွာနှင့် တစိတ်ကျေးရွာကြားရှိ မိန်းလမ်းမကြီးဖြစ်ပြီး၊ ယမန်နေ့ည မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းက ပြိုကျခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” မိုးအရမ်းရွာတော့ ရေတွေတိုက်စားပြီးပြိုကျသွားတာပေါ့။ လမ်းကအစကတည်းက နည်းနည်းချင်းတော့ပြို ကျနေပြီ။ ပြုပြင်တာတွေ မလုပ်ပေးလို့ အခုတော့အကုန် ပြိုသွားတာပေါ့။ ဒီလမ်းက မိန်းလမ်းမကြီးဆိုတော့ တနိုင်း – ရှင်ဗွေယန်၊ ရှင်‌ဗွေယန် – မြစ်ကြီးနား သွားတဲ့ကားတွေလည်း သွားလို့မရတော့ဘူး။ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာတောင် ဆိုင်ကယ်နဲ့သွားလို့ မရတော့ဘူး ” ဟု ၎င်းကဆိုသည်။

ယင်း မိန်းလမ်းမကြီး ပြိုကျပျက်စီးမှုကြောင့် မြစ်ကြီးနားမှ ရှင်ဗွေယန်သို့ ခရီးသွားယာဉ်များလည်း ရပ်နားထားရပြီး၊ ကျေးရွာရှိ ဒေသခံများလည်း သွားလာ၍ မရနိုင်သည့်အတွက် တာဝန်ရှိသူများမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။