Trending Now

ပါကစ္စတန်ရေဘေးအတွက် ကုလသမဂ္ဂ အရေးပေါ်အကူအညီ ဒေါ်လာ သန်း ၁၆၀ တောင်းခံ

Spread the love

ပါကစ္စတန်ရေဘေးအတွက် ကုလသမဂ္ဂ အရေးပေါ်အကူအညီ ဒေါ်လာ သန်း ၁၆၀ တောင်းခံ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

လူပေါင်း ၁,၁၆၀ ကျော် သေဆုံးခဲ့ရတဲ့ စံချိန်တင် ရေကြီးမှုဒဏ်ကို ခံခဲ့ရတဲ့ လူသန်းပေါင်းများစွာကို ကူညီပေးဖို့ ကုလသမဂ္ဂနဲ့ ပါကစ္စတန်တို့က အရေးပေါ် ရန်ပုံငွေ ဒေါ်လာ သန်း ၁၆၀ ပေးဖို့ အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံ ရဲ့ ခရိုင် ၁၆၀ အနက် အနည်းဆုံး ၇၂ ခုဟာ ရေဘေးသင့်ဒုက္ခကို ခံစားရနေရပြီး ကလေးတွေနဲ့ အမျိုးသမီးတွေဟာ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ပါကစ္စတန်အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ကြေညာခဲ့ပါတယ်။

ပါကစ္စတန်မှာ ဖြစ်ပေါ်နေတဲ့ မကြုံစဖူးရေကြီးမှုတွေဟာ ရာသီဥတုပြောင်းလဲမှုတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ကမ္ဘာကိုအချက်ပြနေတာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောပါတယ်။

“ရာသီဥတုဖောက်ပြန်မှုတွေက ကျွန်တော်တို့ကမ္ဘာကို ပျက်စီးခြင်းတွေယူဆောင်လာပါပြီ ဒီတော့ အိပ်ငိုက်နေတာတွေ ကိုရပ်တန့်လိုက်ကြပါစို့ ဒီနေ့ ပါကစ္စတန်ဖြစ်ပေမယ့် မနက်ဖြန် မင်းရဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်။ ” လို့ အစ္စလာမာဘတ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ပုံငွေတောင်းခံတဲ့ အခမ်းအနားတစ်ခုမှာ ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁၁၀၀ ကျော်သေဆုံးခဲ့ရ သလို လူဦးရေ ၃၃ သန်းကျော်ဟာလည်း ရေလွမ်းမိုးမှုဒဏ်ကြောင့် နေအိမ်တွေ၊ လုပ်ငန်းတွေ နဲ့ အခြေခံလူနေအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘူးဟ်ဒိုဇာဒါရီက သိန်းနဲ့ ချီတဲ့ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေဟာ အစားအစာ၊ သောက်သုံးရေ၊ အမိုးအကာ နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမမီတဲ့ နေရာတွေမှာ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

ပါကစ္စတန်က ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး နဲ့ အကူအညီပေးအပ်ရေး လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ အဏာပိုင်တွေက “ကျွန်တော်တို့ အမိုးအကာတွေ၊ ရွက်ဖျင်တဲတွေ၊ ခြင်ထောင်တွေ အရေးတကြီး လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။