Trending Now

မင်္ဂလာဒုံမြို့နယ်၌ တွဲကားနှင့် စက်ရုံဖယ်ရီကား တိုက်မှုကြောင့် လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Spread the love

မင်္ဂလာဒုံမြို့နယ်၌ တွဲကားနှင့် စက်ရုံဖယ်ရီကား တိုက်မှုကြောင့် လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိ

EPN
ရန်ကုန်၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနှင့် (၁၀၆) မှတ်တိုင်ကြား၌ ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၆ နာရီခွဲဝန်း ကျင် အချိန်က တွဲကားနှင့် စက်ရုံဖယ်ရီကား တိုက်မှုကြောင့် လူ ၃၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဖယ်ရီကားပေါ်တွင် လိုက်ပါလာသည့် စက်ရုံဝန်ထမ်း ၃၀ ကျော်အနက် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၀ ကျော်အရွယ်အမျိုးသမီးနှစ်ဦးတို့သည် ပြင်းထန်သောထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဒီနေ့ မနက်စောစောမှာ ဖြစ်တာ။ ကွန်တိန်နာတွဲကားက တညင်းကုန်းလမ်းဆုံမီးပွိုင့်ကနေ ခရေပင်လမ်းခွဲကို ဖြတ်တက်တာ။ စက်ရုံဖယ်ရီကား (Light Truck)ကတညင်းကုန်းလမ်းဆုံဘက်ကို ပြန်ဆင်းတာမှာ အဲဒီနေရာက အကွေ့ဆိုတော့ ကွန်တိန်နာကားက အရှိန်မထိန်းနိုင်တဲ့ သဘောမျိုးဖြစ်ပြီး စက်ရုံဖယ်ရီ ကားကို ဝင်တိုက်မိတာမျိုးပါ ” ဟု ၎င်းကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို သက်ဆိုင်ရာက စစ်ဆေးနေပြီး၊ ယာဉ် တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသူများကို ဒေသခံများ၊ လူမှု ကူညီရေးအသင်းများ စုပေါင်းပြီး အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးသွားကားလမ်း၊ စခန်းကြီးကျေးရွာအနီးတွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၅ ရက် ၊ နံနက် ၈ နာရီအချိန်ခန့်ကလည်း ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။