Trending Now

ထိုင်းနိုင်ငံတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံသား အယောက် ၅၀ အဖမ်းခံရ

Spread the love

ထိုင်းနိုင်ငံတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာနိုင်ငံသား အယောက် ၅၀ အဖမ်းခံရ

EPN
နိုင်ငံတကာ၊ ဧပြီ ၉

ဧပြီလ ၇ ရက်မှ ၈ ရက်အတွင်း ထိုင်းနိုင်ငံ နယ်စပ်အနောက်ပိုင်းခရိုင် ၃ ခုသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အယောက်ငါးဆယ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဘန်းကောက်ပို့စ် သတင်းဌာနက ယနေ့ဖော်ပြထားသည်။

Surasee Task Force မှ တပ်မတော်မှ လှည့်ကင်းများဖြင့် နယ်မြေ (၃) နေရာတွင် မြန်မာနိုင်ငံသား အမျိုးသား (၃၀)ဦးနှင့် အမျိုးသမီး (၂၀)ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် မေလမင်း၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်မြို့နယ်များမှဖြစ်ပြီး ထိုင်းနိုင်ငံ စမွတ်စခွန်၊ ရိုင်ယန်၊ ကန်ချနပူရီ နှင့် ဘန်ကောက်တို့တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အချို့မှာ အလုပ်ပွဲစားများထံ ဘတ်ငွေ ၁၅၀၀၀-၂၀၀၀၀ အထိ ပေးခဲ့ရပြီး အချို့မှာ အလုပ်ခွင်သို့ ရောက်ရှိသည့်အခါ ပေးဆောင်မည်ဟု ဆိုကာ နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူများကို တရားမဝင်ဝင်ရောက်မှုဖြင့် နေရပ်ပြန်ပို့ရန် ဆိုင်းငံထားပြီး သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Source – bangkokpost


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။