Trending Now

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ကွင်းဆက်များကို ဖမ်းဆည်းရမိ

Spread the love

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ကွင်းဆက်များကို ဖမ်းဆည်းရမိ

EPN
မြစ်ကြီးနား ၊ မေ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ငွေကျပ်သိန်း၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား နှစ်ဦးအား မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ သိရသည်။

မေလ ၂၂ ရက်နေ့ နေ့လယ် ၁၀ နာရီအချိန်ခန့်တွင် ခေမာသီရိရပ်ကွက်၊ လမ်းသွယ်(၁၈)လမ်းပေါ်၌ မိုးအောင်လှိုင် စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ ဘိန်းဖြူအလေးချိန် ၃၃၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၂သိန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၁ နာရီ အချိန်ခန့်တွင် အဆိုပါဘိန်းဖြူများရောင်းချသူ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေး ရွာ(အလယ်ပိုင်း)ရှိ တိန့်ဇုံး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄.၄ သိန်း)၊ ဘိန်းဖြူအလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄ သိန်း)တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက မိုးအောင်လှိုင်(ခ)ကိုပြုံး(၄၄)နှစ် နှင့် တိန့်ဇုံး(၂၈)နှစ် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။