Trending Now

တရုတ်က ပါကစ္စတန်ကို ချေးငွေ ဒေါ်လာ ၂ ဘီလီယံကျော် ထုတ်ပေး

Spread the love

တရုတ်က ပါကစ္စတန်ကို ချေးငွေ ဒေါ်လာ ၂ ဘီလီယံကျော် ထုတ်ပေး

EPN
နိုင်ငံတကာ၊ ဇွန် ၃၀

နိုင်ငံခြား အရန်ငွေလျော့နည်းလာတဲ့ ပါကစ္စတန်ဟာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ချေးငွေရယူလိုက်ပါတယ်။
နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်စေဖို့အတွက် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရှိတဲ့ တရုတ်လုပ်ငန်းစုချေးငွေ ကို လက်ခံရရှိခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆူမေးလ် က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

“တရုတ်လုပ်ငန်းစုချေးငွေ ယွမ် ၁၅ ဘီလီယံ (အကြမ်းဖျင်း ဒေါ်လာ ၂.၃ ဘီလီယံ) ကို ပါကစ္စတန်နိုင်ငံတော်ဘဏ် အကောင့်ထဲကို ယနေ့ထည့်သွင်းလွဲပြောင်းပေးအပ်ခဲ့ပါတယ်။” လို့ ဝန်ကြီး ဆူမေးလ် ကတွစ်တာမှာ ဖော်ပြခဲ့တာပါ။

ယခုလအစောပိုင်းကတည်းက တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေကျဆင်းနေမှုကို ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုးရှိ ရန်ပုံငွေတွေကို ပြန်လည်ထုတ်ပေးဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံ ရယူဖို့ ကြိုးပမ်းနေချိန်မှာပဲ တရုတ်နိုင်ငံက အခုလို ငွေထုတ်ချေးပေးခဲ့တာပါ။

ပါကစ္စတန်ဟာ ဆော်ဒီအာရေးဗီးယားက ဒါ်လာ သန်း ၁၀၀ အပါအဝင် ပြီးခဲ့တဲ့ ဧပြီလအတွင်း နိုင်ငံခြားချေးငွေ ကန်ဒေါ်လာ ၂၄၈ သန်းရယူခဲ့တဲ့အတွက် နိုင်ငံဟာ နိုင်ငံခြားချေးငွေ ပေါ် အလွန်အမင်း မှီခိုနေရတယ်လို့ ဆိုပါတယ်။

Source – ခါမာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။