Trending Now

ကချင်ပြည်နယ်တွင် မိုးရွာသွန်းမြဲထက် နှစ်ဆပိုရွာသွန်းနိုင်ကြောင်း မိုးဇလမှ ထုန်ပြန်

Spread the love

ကချင်ပြည်နယ်တွင် မိုးရွာသွန်းမြဲထက် နှစ်ဆပိုရွာသွန်းနိုင်ကြောင်း မိုးဇလမှ ထုန်ပြန်

EPN
မြစ်ကြီးနား၊ ဇွန် ၉

ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် မိုးရွာသွန်းမြဲထက် နှစ်ဆပိုမိုပြီး ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုန်ပြန်ကြေငြာထားသည်။

ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် ဇွန်လ အစောပိုင်းက မိုးရွာသွန်းမှုနည်းသော်လည်း ဇွန်လ ၉ ရက်နေ့မှ စတင်ပြီး ဇွန်လ ၂ဝ ကျော်အထိ မိုးများနှစ်ဆပိုမိုရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မိုးများပိုမိုရွာသွန်းနိုင်သည့်အတွက် ဧရာဝတီ မြစ်ရေမှာလည်း ပုံမှန်ရေအမှတ်ထက် ကျော်လွန်လာမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မိုးများပိုမိုရွာသွန်းနိုင်ပြီး မြစ်ရေများ မြင့်တက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မိမိစိုက်ခင်းများ၊ လုပ်ငန်းဆောင်တာများကို ကြိုတင်ပြီး သတိထားလုပ်ဆောင်နိုင်ရန်နှင့် ကာကွယ်မှုရှိစေရန်လည်း သတိပေးထုတ်ပြန်ထားသည်။
သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။