Trending Now

အီတလီတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန် ၁၁ ဦးအပါအဝင် ၈၁၂ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၁၆၀၀ ဦးနီးပါး ရှိလာ

Spread the love

အီတလီတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန် ၁၁ ဦးအပါအဝင် ၈၁၂ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၁၆၀၀ ဦးနီးပါး ရှိလာ

EPN
နိုင်ငံတကာ မတ် ၃၁

အီတလီနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနာ ၈၁၂ ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း ပြည်သူ့အကာအကွယ်ပေးရေးအေဂျင်စီက ပြောကြားလိုက်သည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ၏ သုံးပုံတစ်ပုံကျော်ရှိသည့် အီတလီနိုင်ငံမှာ ကိုဗစ် -၁၉ ကူးစက်မှုအများဆုံးတိုင်းပြည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြောက်ပိုင်းဒေသများတွင် စတင်ဖြစ်ပွားခဲ့ သည့် အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၅၉၁ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။

ကူးစက်မှုအရေအတွက်မှာ ၄၀၅၀ မှုရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၁၀၁၇၃၉ ဦးအထိရှိလာခဲ့သည်။ အီတ လီပြည်သူများကို သုံးပတ်ကြာ အသွား၊အလာပြုလုပ်ခွင့် ပိတ်ပင်ထားသော်လည်း လာမည့် သောကြာနေ့တွင် ပြီး ဆုံးတော့မည့် ကန့်သတ်ချက်များကို နောက်ထပ် နှစ်ပတ်ကြာ ဆက်လက်ထားရှိမည်ဟု တာဝန်ရှိသူများက ပြော သည်။

ကန့်သတ်ချက်များကို မေလအထိ ဆက်လက်ပြုလုပ်သင့်ကြောင်း အီတလီတောင်ပိုင်းရှိ ပူဂလီယာဒေသ အုပ်ချုပ်ရေးမှူးက ပြောသည်။ ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများတွင် ဆရာဝန် ၁၁ ဦး ပါဝင်ခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူဆရာဝန် ၆၁ ဦးအထိ ရှိလာခဲ့ပြီဟု အီတလီဆရာဝန်များအသင်းက ကြေညာခဲ့သည်။

သေဆုံးသူ ဆရာဝန်များအားလုံးမှာ မသေဆုံးမီ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံခဲ့ရသော်လည်း ၎င်းတို့သေ ဆုံးမှုမှာ အဆိုပါကပ်ရောဂါနှင့်ဆက်စပ်မှုရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများ၏ ၆၀ ရာခိုင်နှုန်းနီး ပါးနှင့် ကူးစက်ခံရသူများ၏ ၄၀ ရာခိုင်နှုန်း အီတလီနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မီလန်မြို့ရှိရာ လွမ်ဘာဒီဒေသ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် သိသိသာသာ လျော့နည်းသွားမှသာ ကန့်သတ်ချက်များကို ဖြေလျော့ သင့်ကြောင်း အကျပ်အတည်း မည်ကဲ့သို့ဖြေရှင်းရမည်ဆိုသည်ကို အစိုးရအား အကြံပေးနေသည့် အမျိုးသား ကျန်းမာရေးအဖွဲ့အစည်း အကြီးအကဲ ဆီလ်ဗီယိုဘရူဆာဖာရိုက ပြောသည်။

–အိန္ဒိယတူဒေး
Ref; Italy sees 812 more coronavirus deaths, but new cases fall steeply


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။