Trending Now

ကချင်ပြည်နယ်၌ ယနေ့ နေရာကျဲကျဲ မိုး သည်းထန်စွာ ရွာသွန်းနိုင်

Spread the love

ကချင်ပြည်နယ်၌ ယနေ့ နေရာကျဲကျဲ မိုး သည်းထန်စွာ ရွာသွန်းနိုင်

EPN
နေပြည်တော်၊ ဧပြီ-၈ (၂၀၂၄)

ကချင်ပြည်နယ်အတွင်း၌ ယနေ့ (ဧပြီ ၈ ရက်)တွင် နေရာကျဲကျဲ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယမန်နေ့ (ဧပြီ ၇ ရက်)၊ မွန်းလွဲ ၂ နာရီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်းက ကချင်ပြည်နယ်၌ နေရာကျဲကျဲ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန်အနေဖြင့် ပူတာအိုမြို့နှင့် မချမ်းဘောမြို့တို့တွင် (၀ ဒဿမ ၁၆) လက်မတို့ ဖြစ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်နည်းတူ ယနေ့တွင်လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့၌ နေရာကွက်ကျား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး၊ ကျန်တိုင်းနှင့် ပြည်နယ်များမှာမူ
တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ လာမည့် ၄၈ နာရီအတွင်း၌လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

နေ့အပူချိန်အနေဖြင့် ကချင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၂) ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။