Trending Now

ယူကရိန်းအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ဖို့ပြင်ဆင်

Spread the love

ယူကရိန်းအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ဖို့ပြင်ဆင်

EPN
နိုင်ငံတကာ၊ သြဂုတ် ၆

တာဝေးပစ်လက်နက်တွေ သံချပ်ကာဆေးဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးယာဉ် တွေပါဝင်မယ့် ယူကရိန်းအတွက် ဒေါ်လာတစ်ဘီလီယံလုံခြုံရေးအကူအညီအစီအစဉ်အသစ်ကို အမေရိကန်က ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါ ထောက်ပံ့မှုကို အတည်ပြုနိုင်ဖို့ လာမယ့် တနင်္လာနေ့ အစောပိုင်းမှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ထားကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းကို အမေရိကန်က ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ အကူအညီ ပေးခဲ့ပါတယ်။
ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်မထိုးရသေးတဲ့အတွက် လက်မှတ်မထိုးမီ တန်ဖိုး နဲ့ အကြောင်းအရာတွေ ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

လက်ရှိပုံစံတွင် လက်မှတ်ရေးထိုးပါက တန်ဖိုးမှာ ဒေါ်လာ ၁ ဘီလီယံရှိပြီး High Mobility Artillery Rocket Systems (HIMARS) အတွက် ခဲယမ်းမီးကျောက်များ ၊ National Advanced Surface-to-Air Missile Systems (NASAMS) တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

HIMARS တွေဟာ ယူကရိန်း အရှေ့ဘက် နဲ့ တောင်ဘက်တွေမှာ တိုက်ခိုက်ခဲ့တဲ့ ယူကရိန်း – ရုရှားကြားတိုက်ပွဲတွေမှာ အဓိကအခန်းကဏ္ဍမှ ပါဝင် နေပြီး လက်ရှိအချိန်အထိ အမေရိကန်က ယူကရန်းကို HIMARS ၁၆ ခု စေလွှတ်ထားပြီး ဇူလိုင် ၁ ရက်နေမှာ NASAMS နှစ်စင်း ပေးပို့မယ်လို့ ကတိပြုထားပါတယ်။

စစ်မြေပြင်မှာ နေ့စဉ် ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ မှ ၂၀၀ အထိ သေဆုံးကြောင်း ကိယက်ဗ်အစိုးရက ဇွန်လတွင် ပြောကြားခဲ့ပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။