Trending Now

တစ်ကျော့ပြန်စစ်ပွဲ (၈)နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေးသရုပ်ပြ တင်ဆက်မှု ဦးဆောင် သူ ၂ဦး အာမခံချက်ရ

Spread the love

တစ်ကျော့ပြန်စစ်ပွဲ (၈)နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေးသရုပ်ပြ တင်ဆက်မှု ဦးဆောင် သူ ၂ဦး အာမခံချက်ရ

EPN
မြစ်ကြီးနား၊ ဇွန် ၁၁

တစ်ကျော့ပြန်စစ်ပွဲ (၈)နှစ်ပြည့် Street Performance လမ်ဘေးသရုပ်ပြ တင်ဆက်မှုကြောင့် တရားဆွဲခံထားရသည့် ဦးဆောင်သူ ကိုပေါလုနှင့် မဆိုင်းနူးပန်တို့နှစ်ဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးမှ ယနေ့(ဇွန် ၁၁) ရက်နေ့တွင် အာမခံချက်ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ရက်နေ့က မြစ်ကြီးနားမြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ဗိုလ်ချုပ်ပန်းခြံလမ်းဘေး တို့တွင် တစ်ကျော့ပြန်စစ်ပွဲ (၈)နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေး သရုပ်ပြတင်ဆက်မှုပြုလုပ်ခဲ့ခြင်းသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ ခွင့်မိန့်တင်ထားခြင်း မရှိခဲ့သောကြောင့် မြစ်ကြီးနားမြို့နယ် ယာယီဒုရဲမှူးမင်းသန့်ဇော်မှ တရားလိုပြု၍ ငြိမ်း/စုစီဥပဒေပုဒ်မ-၁၉ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“သူတို့ဆွဲထားတာက ငြိမ်းစုစီနဲ့ဖြစ်တယ်။ ငြိမ်းစုစီဆိုတာက ပြည်သူလူထုကို နောက်ယှက်တယ် ဆူပူအကြမ်းဖက်မှုကိုဖြစ်စေတယ်ဆိုတဲ့အခါမှ ဆွဲလို့ရတဲ့အမှုပါ။ အဲ့ဒါကိုကျွန်မတို့ကို ငြိမ်းစုစီနဲ့ဆွဲထားတယ်။’ ဟု မဆိုင်းနူးမိုင်က ပြောသည်။

ယခုအမှုနှင့် ပတ်သက်ပြီး လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ဆက်လက်အမှုရင်ဆိုင်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ တရားဆွဲဆိုခဲ့သည့်အပေါ် အမှုကို ထုချေသွားဖို့ရှိကြောင်း မဆိုင်းနူးမိုင်က ဆက်လက်ပြောကြားခဲ့သည်။

Street Performance ကိုယခင်နှစ်များကပြုလုပ်ခဲ့ခြင်းမရှိခဲ့သော်လည်း စစ်ဘေးသင့်ပြည်သူများ၏ ရှစ်နှစ်တာကာလအတွင်း တွေ့ကြုံခံစားခဲ့ရသည့် အခက်အခဲဒုက္ခများကို ကချင်တိုင်းရင်းသားများကသာမက သိမြင်စေရုံသာမကဘဲ အခြားမျိုးနွယ်စုများဖြစ်သည့် ရှမ်း၊ တရုတ်စသည့် လူမျိုးပေါင်းစုံမှ သိမြင်စေလိုသောရည်ရွယ်ချက်ဖြင့် Street Performance ကို ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။