Trending Now

ဒေါ်လာ ၇.၃ ဘီလီယံတန်ကြေးရှိတဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးသော မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်ခဲ့

Spread the love

ဒေါ်လာ ၇.၃ ဘီလီယံတန်ကြေးရှိတဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးသော မြန်နှုန်းမြင့်ရထားလမ်းကို အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်ခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂

ဒေါ်လာ ၇.၃ ဘီလီယံတန်ကြေးရှိတဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးသော မြန်နှုန်းမြင့်(ကျည်ဆံရထား) လမ်းကို အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

၁၄၂ ကီလိုမီတာ (၈၈ မိုင်) ရှိတဲ့ ဒီရထားလမ်းဟာအင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကမြို့ကြီးနှစ်မြို့ဖြစ်တဲ့ ဂျကာတာနဲ့ ဘန်ဒေါင်းတို့ကြားဆက်သွယ်ထားပြီး ခရီးသွားလာချိန်ကို သိသိသာသာလျော့ချပေးနိုင်မယ်လို့ သိရပါတယ်။

ဒေါ်လာ ၇.၃ ဘီလီယံတန် ပရောဂျက်ကို တရုတ်နိုင်ငံက အများအပြားထောက်ပံ့ခဲ့တာဖြစ်ပြီး Belt and Road အခြေခံအဆောက်အအုံဆိုင်ရာ ပဏာမခြေလှမ်းတစ်စိတ်တစ်ပိုင်းအဖြစ် စီးပွားဖြစ်လုပ်ငန်းတွေ စတင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သမ္မတ ဝီဒိုဒိုက ရထားလမ်းရဲ့ အမြန်နှုန်းကိုမီးမောင်းထိုးပြတဲ့အနေနဲ့ “Whoosh” လို့ အမည်ပေးထားပြီး ဂျကာတာနဲ့ ဘန်းဒေါင်းတို့ကြားက ခရီးသွားချိန်ကို ၃ နာရီကနေ မိနစ် ၄၀ အထိ လျှော့ချနိုင်မယ်လို့ သိရပါတယ်။

အဆိုပါလမ်းပိုင်းမှာ မောင်းနှင်မယ့် ၂၀၉ မီတာ ( ၆၈၅ ပေ) အရှည်ရှိတဲ့ ရထားပေါ်မှာ ခရီးသည် ၆၀၁ ဦး လိုက်ပါစီးနင်းနိင်ပြီး ငလျင်နဲ့ အခြားအရေးပေါ်အခြေအနေတွေအတွက် ဘေးကင်းလုံခြုံရေးစနစ်တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

တစ်နာရီကို ကီလိုမီတာ ၃၅၀ နှုန်းဖြင့်သွားလာနိုင်မယ့် ရထားလမ်းဟာ သယ်ယူပို့ဆောင်ရေး ခေတ်မှီစေဖို့နဲ့ ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင်ဖို့ ရည်ရွယ်ထားပြီး တရုတ်မီးရထားဝန်ကြီးဌာနက နည်းပညာလွှဲပြောင်းပေးဖို့ သဘောတူညီခဲ့တာလို့ သိရပါတယ်။

လက်မှတ်ဈေးနှုန်းတွေကို အတည်မပြုနိုင်သေးပေမယ့် ဒုတိယတန်းစားအတွက် ရူပီယာ ၂၅၀,၀၀၀ (၁၆ ဒေါ်လာ) ကနေ VIP ထိုင်ခုံအတွက် ၃၅၀,၀၀၀ ရူပီယာ (ဒေါ်လာ ၂၂.၆၀) အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အင်ဒိုနီးရှားဟာ အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ စတင်လည်ပတ်ဖို့ ရည်ရွယ်ထားပေမယ့် မြေယာမြေသိမ်းဆည်းမှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေကြောင့် နှောင့်နေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီပရောဂျက်ကို ရူပီယာ ၆၆.၇ ထရီလီယံ (ဒေါ်လာ ၄.၃ ဘီလီယံ) ကုန်ကျဖို့ ခန့်မှန်းထားပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ရူပီယာ ၁၁၃ ထရီလီယံ (ဒေါ်လာ ၇.၃ ဘီလီယံ) အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ရထားလမ်းဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ကုန်ကျစရိတ် ၇၅ ရာခိုင်နှုန်းကို China Development Bank က သုံးစွဲထားတယ်လို့ သိရပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။