Trending Now

မြစ်ကြီးနားမြို့ ရှိ ဆွမ်ပရာဘွမ်လမ်း ပြု ပြင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီကား နှစ် စီး မီးရှို့ခံရ

Spread the love

မြစ်ကြီးနားမြို့ ရှိ ဆွမ်ပရာဘွမ်လမ်း ပြု ပြင်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီကား နှစ် စီး မီးရှို့ခံရ

EPN
မြစ်ကြီးနား၊ ဇွန် ၄

ယနေ့ ဇွန်လ ၄ရက်နေ့ မနက်၂နာရီကျော် အချိန်က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ ဆွယ်ပရာဘွမ် လမ်းပိုင်း လမ်းသွယ်တစ်ဂိတ်ရှိ လမ်းပြုပြင်ရာမှာ အသုံးပြုနေသည့် ဆောက် လုပ်ရေး ကုမ္ပဏီကား နှစ်စီး မီးရှို့ခံခဲ့ရကြောင်း တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါမီးရှို့ခံရသော ကားနှစ်စီးသည် Power five star ကုမ္ပဏီပိုင် ကားနှစ်စီး ဖြစ်ပြီး မြေညှိစက်တစ်စီးနှင့် ရေသယ်ယာဉ်ဘောက်ဆာတစ်စီး ဖြစ်ကြောင်း တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။

“မီးရှို့ခံရတဲ့ ကုမ္ပဏီက တော့ Power Five Star ကုမ္ပဏီက ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီ တာဝန်ခံကို ဆက်သွယ်တာ အခုချိန်ထိတော့ ဆက်သွယ်လို့မရသေးပါဘူး သူတို့လဲ ရဲစခန်းမှာ တရားစွဲဖို့ လုပ်နေလောက်ပြီ”ဟု ဦးဘောက်နော်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ တပ်ကုန်းအုပ်ချုပ်ရေးမှူးဦးဘောက်နော်မှ” ဒီကိစ္စက ပြောဖို့တော့ နည်းနည်းခက်တယ် ကုမ္ပဏီ ကနေ ဝန်ထမ်းတွေကို လုပ်ခလစာမပေးလို့ ဝန်ထမ်းက မီးရှို့တာလား၊ ပြိုင်ဘက် ကုမ္ပဏီ က လုပ်တာလားပေါ့ ၊နောက်တစ်ခုက လမ်းလုပ်နေတော့ လမ်းသွားလမ်းလာပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်လို့ မီးရှို့တာလား စဉ်းစားစရာပါပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ တပ်ကုန်းရပ်ကွက်ရှိ ဆွမ်ပရာဘွမ် လမ်းပိုင်အား တိုးချဲ့ပြင်ဆင်နေသည်မှာ ခြောက်လကျော် ကြာပြီဖြစ်ကြောင်း တပ်ကုန်းအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မိုးလေး
Photo. Wunzup Aung Panglong


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။