Trending Now

ဆွမ်ဘရာမြို့တွင် တစ်လနီးပါးအထိ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တိုက်ပွဲပြင်းထန်နေဆဲ

Spread the love

ဆွမ်ဘရာမြို့တွင် တစ်လနီးပါးအထိ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တိုက်ပွဲပြင်းထန်နေဆဲ

EPN
မြစ်ကြီးနား၊ မတ် ၂၆ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုသွား လမ်းပိုင်းရှိ ဆွမ်ဘရာဘွမ်မြို့တွင် တစ်လနီးပါးအထိ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၉ ရက်နေ့မှစတင်ကာ ဆွမ်ဘရာဘွမ်မြို့နှင့် မလိယာန်ကျေးရွာတို့တွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့ မတ်လ ၂၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦး ပြောကြားချက်အရ သိရသည်။

” တိုက်ပွဲကအခုထိ ဖြစ်နေကြတုန်းပဲ။ တစ်လလောက်ရှိနေပြီ။ တပ်ဘက်ကလည်း မြို့ထဲတပ်ထိုင်နေတုန်း။ KIAဘက်ကလည်း အဲ့ဒီတပ်ကို အရသိမ်းမယ်ဆိုပြီး အပြန်အလှန် အခုထိ ပစ်ခတ်နေကြတုန်းပဲ ” ဟု ၎င်းကဆိုသည်။

လက်ရှိ ဆွမ်ဘရာဘွမ်မြို့တွင်ရှိသည့် တပ်မတော်တပ်ရင်း ခလရ ၄၆ အား KIA၊ PDF ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေကြောင်း သိရပြီး တပ်မတော်ဘက်မှလည်း မိမိတပ်ရင်းအား ဆက်လက်ထိန်းသိမ်း တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တစ်လနီးပါးအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် ပူတာအိုသွား လမ်းပိုင်းမှာလည်း ဖွင့်လှစ်ခြင်းမရှိသေးကာ ပူတာအိုမြို့နှင့် မြို့နယ်များတွင် ကုန်ဈေးနှုန်းများမြင့်တက်လာသကဲ့သို့ ကုန်ပစ္စည်းများပြတ်လပ်မှုရှိလာပြီး၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူများမှာလည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။