Trending Now

စပိန်နဲ့ ဘရာဇီနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးတဲ့လူနာရှိလာ

Spread the love

စပိန်နဲ့ ဘရာဇီနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးတဲ့လူနာရှိလာ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၃၀

စပိန် နဲ့ ဘရာဇီးနိုင်ငံတိုမှာ မေလအစောပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ မျောက်ကျောက်ရောဂါနဲ့ ဆက်စပ်တဲ့ လူနာ တစ်ဦးစီ ပထမဆုံးအကြိမ် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနတွေက အတည်ပြုခဲ့ပါတယ်။

စပိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂၉၈ ဦးရှိပြီး ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရေးပေါ်အခြေအနေ နဲ့ သတိပေးချက်ညှိနှိုင်းရေးစင်တာမှ သိရပါတယ်။

“နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ လူနာ ၃၇၅၀ မှာ ၁၂၀ ဆေးရုံတင်ထားရပြီး တစ်ဦးသေဆုံးသွားပါပြီ” လို့ သတိပေးချက်ညှိနှိုင်းရေး စင်တာက သောကြာနေ့က အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

သေဆုံးသွားတဲ့ လူနာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေထုတ်ပြန်ပေးဖို့ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့ပြီး အလောင်းကို ခွဲစိပ်မှု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဘရာဇီးမှာ သေဆုံးသွားတဲ့ လူနာက အသက် ၄၁ နှစ်အရွယ်အမျိုးသား တစ်ဦးဖြစ်ပြီး သူဟာ ကိုယ်ခံအားစနစ်အားနည်းတဲ့ ရောဂါကို ခံစားနေရသူတစ်ဦးဖြစ်ပါတယ်။

“လူထုကို အထိတ်တလန့်မပြန့်ပွားစေဖို့ သေဆုံးသွားတဲ့သူတွေဟာ ပြင်းထန်တဲ့ အခြားရောဂါတွေရှိတယ်ဆိုတာ အလေးအနက်ထားဖို့ အရေးကြီးပါတယ် မျောက်ကျောက်ရောဂါအတွက် သေဆုံးမှုနှုန်းက အလွန်နည်းပါတယ်” လို့ ဘရာဇီး ကျန်းမာရေးအတွင်းရေးမှူး ဖာဘီအို က ပြောကြားခဲ့ပါတယ်။

ယခုအခါ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၇၈ နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၈၀၀၀ ခန့်ကို အတည်ပြုထားပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ WHO က အဆိုပါရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။