Trending Now

မိုးညှင်းမြို့တွင် မသင်္ကာဖွယ်အမျိုးသားတစ်ဦးကိုစစ်ဆေးရာ လွှင့်ပစ်လိုက်သည့် ကော်ဗူးထဲမှစိတ်ကြွဆေးပြားများတွေ့ရှိရ၍ ဥပဒေနှင့်အညီအရေးယူ

Spread the love

မိုးညှင်းမြို့တွင် မသင်္ကာဖွယ်အမျိုးသားတစ်ဦးကိုစစ်ဆေးရာ လွှင့်ပစ်လိုက်သည့် ကော်ဗူးထဲမှစိတ်ကြွဆေးပြားများတွေ့ရှိရ၍ ဥပဒေနှင့်အညီအရေးယူ

EPN
မိုးညှင်း၊ မတ် ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ လျှပ်စစ်ဓါတ်အားပေးဌာနရှေ့တွင် မသင်္ကာဖွယ်တွေ့ရှိသူ အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့ရာ ၎င်းလွှင့်ပစ်လိုက်သည့်ကော်ဗူးထဲမှ စိတ်ကြွဆေးပြားများတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၂၉)ရက်နေ့ နေ့လယ် (၁၁)နာရီအချိန်ခန့်တွင် မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် သူရိန်ဦးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိသဖြင့် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ လျှပ်စစ်ဓါတ်အားပေးဌာနရှေ့၊ မင်းရဲကျော်စွာလမ်းမပေါ်တွင် မသင်္ကာဖွယ်ရာတွေ့ရှိသူ စိုးပိုင်ဦး(ခ)စိုးညွန့့်ထွေးအား စစ်ဆေးရန်တားဆီးစဉ် စိုးပိုင်ဦး(ခ)စိုးညွန့်ထွးသည် ၎င်း၏ယာဘက်လက်အတွင်း ကိုင်ဆောင်ထားသည့် ကော်ဗူးအား လွှင့်ပစ်လိုက်သည်ကို တွေ့မြင်ခဲ့ကြကြောင်း သိရသည်။

ထို့ကြာင့် ဒုရဲအုပ် သူရိန်ဦးနှင့်တပ်ဖွဲ့ဝင်များသည် စိုးပိုင်ဦး(ခ)စိုးညွန့်ထွေးအား ထိမ်းသိမ်းခဲ့ပြီး ၎င်းလွှင့်ပစ်လိုက်သည့် ကော်ဗူးအား ကောက်ယူ၍ သက်သေများရှေ့တွင် ဖွင့်ဖေါက်စစ်ဆေးခဲ့ရာ ကော်ဗူးအတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်ဆေးပြား (၈၅)ပြားအား တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ပြီး ဒုရဲအုပ် သူရိန်ဦးမှ တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိုးပိုင်ဦး(ခ)စိုးညွန့်ထွေး (၂၇)နှစ်၊ (ဘ) ဦးတင်ညွန့်၊ မိုးဒါးစုရပ်ကွက်၊ မိုးညှင်းမြို့ နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ)၅၃/၂၀၂၀၊ ပုဒ်မ-၁၉(က) ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။