Trending Now

” လက် တည့် စမ်း ပ ညာ ရေး “

Spread the love

” လက် တည့် စမ်း ပ ညာ ရေး ”

EPN
ဆောင်းပါး၊ ဇွန် ၇

နိုင် ငံ တ ကာ မှာ တ က္က သိုလ် တွေ အ များ ကြီး ရှိ တယ် ။

ရှိ တဲ့ တ က္က သိုလ် တိုင်း မှာ လည်း ဘာ သာ ရပ် မျိုး စုံ အ တွက် ဘွဲ့ ပေး နိုင် တဲ့ အ ခြေ အ နေ ရှိ တယ် ။

ဒီ တော့ အ ခြေ ခံ ပ ညာ အ ဆင့် မြင့် တန်း အောင် သွား ရင် ဘာ အ မှတ် မှ မ လို ပဲ ကြိုက် တဲ့ တ က္က သိုလ် ကို စိတ် တိုင်း ကျ လျှောက် ခွင့် ရှိ တယ် ။ ဒီ လို လျှောက် ဖို့ ဝင် ခွင့် စာ မေး ပွဲ ကို ပဲ ဖြေ ဖို့ လို တယ် ။ သတ် မှတ် ထား တဲ့ ငွေ ကြေး တော့ အ ကုန် အ ကျ ခံ နိုင် ရ တယ် ။

ဥ ပ မာ ဆေး တ က္က သိုလ် တက် ချင် တဲ့ ကျောင်း သား တစ် ယောက် က ဆေး ပ ညာ သင် တဲ့ တ က္က သိုလ် တစ် ခု ဒါ မှ မ ဟုတ် နှစ် ခု သုံး ခု ကို တက် ရောက် ခွင့် လျှောက် ထား လို့ ရ တယ် ။ သူ့ ကို လက် ခံ မယ့် တ က္က သိုလ် ကို သူ သွား တက် လို့ ရ သ လို သူ့ ကို လက် ခံ တဲ့ တ က္က သိုလ် က သုံး လေး ငါး ခု ဖြစ် နေ ရင် လည်း သူ ကြိုက် တဲ့ တ က္က သိုလ် ကို သူ ရွေး ချယ် ပြီး တက် လိုက် ရုံ ပဲ ။

မြန် မာ နိုင် ငံ မှာ အ စိုး ရ က ဖွင့် ထား တဲ့ တ က္က သိုလ် တွေ က ပေး တဲ့ ဘွဲ့ တွေ ကို ပဲ အ စိုး ရ က လက် ခံ တယ် ။

အ ခြေ ခံ ပ ညာ အ ဆင့် မြင့် တန်း ( ၁၀ ) တန်း အောင် တဲ့ က လေး တစ် ယောက် က ဆေး ပ ညာ သင် ချင် လို တ က္က သိုလ် လျှောက် မယ် ဆို ရင် အ စိုး ရ က ဖွင့် ထား တဲ့ တ က္က သိုလ် တွေ ပဲ ရှိ တယ် ။ အဲ့ ဒီ တ က္က သိုလ် တွေ က လည်း လူ ဦး ရေ အ ကန့် အ သတ် ရှိ တယ် ။

တ ကယ် လို့ အ စိုး ရ ဆေး တ က္က သိုလ် က လူ ဦး ရေ စု စု ပေါင်း တစ် နှစ် ကို ၃၀၀၀ ယောက် သာ လက် ခံ သင် ကြား ပေး နိုင် တယ် ဆို ရင် ၃၀၀၁ ယောက် မြောက် က ဆေး တ က္က သိုလ် တက် ခွင့် မ ရ တော့ ဘူး ။

အဲ့ ဒီ ၃၀၀၀ သာ လက် ခံ မယ့် ဆေး တ က္က သိုလ် ကို တက် ချင် ပါ တယ် လို့ လျှောက် ထား သူ တစ် သောင်း ( ၁၀၀၀၀ ယောက် ) ရှိ ခဲ့ ရင် ၁၀ တန်း အောင် တဲ့ အ မှတ် ၁ က နေ ၃၀၀၀ အ ထိ ကို တ က္က သိုလ် တက် ခွင့် ပေး ပြီး ၃၀၀၁ က နေ တစ် သောင်း အ ထိ လူ တွေ တက် ခွင့် မ ရှိ တော့ ဘူး ။

ဒါ ဆို ၁၀ တန်း အောင် အ မှတ် မ လို တော့ ပါ ဘူး ဆို တာ မ ဟုတ် တော့ ပြန် ဘူး ။

အဲ့ လို ကိုယ် တက် ချင် တဲ့ တ က္က သိုလ် ကို အ မှတ် မ လို ဘူး ဆို ပြီး ကြေ ငြာ ပြီး နောက် ဆုံး အ တွင်း မှာ အ မှတ် နဲ့ ပဲ ခွဲ လိုက် ကြ တော့ ကြေ ငြာ ထား တာ ကို ယုံ ပြီး စိတ် ကြိုက် တ က္က သိုလ် လျှောက် လိုက် ကြ တဲ့ က လေး တွေ နစ် နာ ကုန် တာ မ နှစ် ၂၀၁၈ ခု နှစ် စာ မေး ပွဲ အောင် တဲ့ အ ချိန် မှာ တော် တော် မြင် လိုက် ရ တယ် ။

ဒီ လို အ ခက် အ ခဲ တွေ ဖြစ် တာ ကို တစ် ခြား တ က္က သိုလ် ( ရန် ကုန် တ က္က သိုလ် ) က လည်းအ ချိန် ကျော် သွား ပြီ ၊ လူ ပြည့် သွား ပြီ ဆို လုပ် တော့ ပို ပြီး အ ဆင် မ ပြေ တာ တွေ မ နှစ် က ကြား လိုက် ရ တယ် ။

မြန် မာ နိုင် ငံ ရဲ့ ထုံး စံ အ တိုင်း စမ်း သပ် ဆဲ ကာ လ တို့ ၊ အ ကူး အ ပြောင်း ကာ လ တို့ ဆို ရင် ပြည် သူ ထိ ခိုက် ကြ ရ တာ ပဲ ။ အ မှန် တော့ တာ ဝန် ရှိ သူ တွေ ရဲ့ ပေါ့ လျော့ မှု ရယ် ၊ ပ ညာ ရည် မ ပြည့် ဝ မှု ရယ် ၊ လူ တစ် ဦး ချင်း စီ ကို အ လေး မ ထား မှု ရယ် တွေ ကြောင့် သာ ထိ ခိုက် မှု ဆို တာ ဖြစ် ရ တာ ပါ ။

ဘယ် အ ကူး အ ပြောင်း မှာ မှ တာ ဝန် ရှိ သူ တွေ ရဲ့ သား သ မီး တွေ နစ် နာ သွား တယ် ဆို တာ မ ရှိ ခဲ့ ဖူး ဘူး ။ ပြည် သူ တွေ ကို လည်း ကိုယ့် သား သ မီး လို သ ဘော ထား ပြီး သူ တို့ နစ် နာ သွား မှာ ပေါ့ ဆို တဲ့ စိတ် နဲ့ အ လုပ် လုပ် ရင် အဲ့ လို ကိ စ္စ မ ဖြစ် ပါ ဘူး ။

အ ပင် ပန်း ခံ ပြီး ထိုင် ကြည့် နေ ရင် ဘယ် သူ မှ မ နစ် နာ ပါ ဘူး ။

ဒီ နှစ် ကျောင်း ချိန် တွေ တိုး လိုက် တယ် ။ တစ် ချို့ အ တန်း တွေ မ နက် ၆း၀၀ နာ ရီ တက် ပြီး ည နေ ၅း၃၀ လောက် မှ ဆင်း ရ မယ် ။ ကျောင်း ဆ ရာ တွေ တစ် နေ့ လုံး ကျောင်း မှာ နေ ရ မယ့် သ ဘော ရှိ တယ် ။ ကြည့် ရ တာ ကျူ ရှင် တွေ ကို လည်း ပ ပျောက် စေ ချင် လို့ ဖြစ် မယ် ။

ဒါ ပေ မဲ့ မ နက် ၆း၀၀ တက် ရ မယ့် ကျောင်း ကို ဆ ရာ ဆ ရာ မ က ၅း၄၅ ရောက် အောင် အိမ် က ၅း၃၀ ထွက် လာ ရ မယ် ။ ထ မင်း ဂျိုင့် ထည့် ဖို့ မ နက် ၄း၃၀ လောက် က ထ အ လုပ် လုပ် ရ မယ် ။

တစ် ရက် တည်း မ ဟုတ် ဘူး ။ ကျောင်း ဆ ရာ ဆ ရာ မ ဖြစ် နေ သ ရွေ့ တစ် သက် လုံး လုပ် ရ မှာ ။ ဒါ လည်း ထည့် စဉ်း စား မိ ကြ ရဲ့ လား တော့ မ သိ ဘူး ။ ဘယ် နိုင် ငံ က နည်း ကို ယူ လည်း ဆို တာ ကို မ သိ ပါ ဘူး ။

နွေ ရာ သီ ရဲ့ အ ပူ ဆုံး လ ဧ ပြီ လ အ ထိ စာ မေး ပွဲ တွေ စစ် နေ ရ အုံး မယ် ဆို တာ မျိုး ၊ က လေး တွေ အ တွက် ကော မိ ဘ တွေ အ တွက် ကော မ စဉ်း စား ပဲ မတ် လ အ ထိ စာ သင် ရ မယ် ဆို တာ မျိုး ၊ အ စိုး ရ စစ် ဆို ပြီး ဘက် ဂျက် ပို ကုန် စေ မယ့် ကိ စ္စ မျိုး ဖန် တီး ပြီး မ အောင် မ နေ ရ ဆို တာ မျိုး တွေ လည်း ပြောင်း လဲ တယ် ဆို တဲ့ ခေါင်း စဉ် အောက် ရောက် အောင် အ တင်း လုပ် ခဲ့ တယ် ။

သင် ရိုး ညွှန်း တမ်း တွေ သင် ပြ မယ့် ပုံ စံ တွေ က ကောင်း မယ့် ပုံ ပေါ် ပါ တယ် ။ Online မီ ဒီ ယာ တွေ မှာ တွေ့ နေ ရ တာ တော့ က လေး တွေ ကို ပျော် အောင် စာ သင် မယ့် ပုံ စံ မျိုး တွေ့ ရ တယ် ။

ဒါ ပေ မဲ့ မယ် ခွေ ရဲ့ လက် ဆောင် က ဗျာ ကို ဆေး လိပ် သောက် တာ ကို အား ပေး မှာ ကြောက် လို့ ဆို ပြီး ဖြုတ် ထား မယ် ဆို တဲ့ အ တွေး အ ခေါ် ရှိ တဲ့ သူ က လူ ကြီး ဖြစ် နေ တာ တော် တော် တော့ အံ့ သြ ဖို့ ကောင်း တယ် ။ မြန် မာ့ ရိုး ရာ ဓ လေ့ ထုံ စံ နဲ့ ယဉ် ကျေး မှု ကို ဖျက် စီး နေ သ လို ပါ ပဲ ။

ဒီ လို ပဲ တစ် ယောက် လာ တစ် ခါ စမ်း တာ မြန် မာ ပြည် မှာ ရိုး နေ ပါ ပြီ ။ နောက် တစ် ယောက် အ လှည့် ကျ တော့ နောက် တစ် ခါ ပြန် စ ကြ တာ ပဲ ။

ခက် တာ က မြန် မာ နိုင် ငံ မှာ ရာ ထူး တစ် ခု ရ သွား ရင် သက် တမ်း စေ့ လုပ် ချင် တာ လုပ် ပေ တော့ ပဲ လေ ။

ခင် ဗျား တို့ လွဲ နေ ကြ ပြီ လို့ ပြော မယ့် သူ လည်း ပေါ် မ လာ ပါ ဘူး ။

မြန် မာ ပြည် မှာ တ ကယ် ကောင်း စေ ချင် တဲ့ သူ နဲ့ သူ့ လူ ကိုယ် လူ ဆို တဲ့ ၂ မျိုး ရှိ တယ် ။ သူ့ လူ ကိုယ့် လူ ထဲ မှာ လည်း တ ကယ် ကောင်း စေ ချင် တဲ့ သူ တွေ ရှိ ပါ တယ် ။

တ ကယ် ကောင်း စေ ချင် တဲ့ သူ က တော့ ဘယ် သူ့ ကို မှ ဘက် မ လိုက် ပဲ ကောင်း မယ် ထင် တဲ့ အ ရာ တွေ ကို ပြော နေ ရပ် တည် နေ မှာ ပဲ ။

သူ့ လူ ကိုယ့် လူ က တော့ မျက် နှာ နည်း နည်း နာ ရ တာ ပေါ့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။