Trending Now

ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို ယနေ့ ဘီလာရုစ်တွင် ကျင်းပမည်

Spread the love

ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို ယနေ့ ဘီလာရုစ်တွင် ကျင်းပမည်

EPN
နိုင်ငံတကာ၊ မတ် ၃

ယူကရိန်းနဲ့ ရုရှားတို့ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဘီလာရုစ်မှာ ယနေ့ ကျင်းပပြုလုပ်သွားမယ်လို့ ရုရှားက ပြောပါတယ်။

ယူကရိန်းမှာ ရုရှားက ထိုးစစ်ဆင်နေတာကို ရပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက တောင်းဆိုပြီးတဲ့နောက် ထောက်ခံမဲ ၁၄၁ မဲ၊ ကြားနေမဲ ၃၅ မဲရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိယက်ဗ်နှင့် ခါကိဗ်တို့ကို ရုရှားက လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပြီး ရုရှားတပ်တွေက ခါဆွန်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မော်စကိုက ပြောဆိုထားပါတယ်။

ကိယက်ဗ်မြို့မြောက်ဘက်ရှိ မိုင် ၄၀ ရှည်လျားတဲ့ ရုရှားယာဉ်တန်းဟာလည်း ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ရပ်နားထားရဆဲဖြစ်တယ်လို့ ပင်တဂွန်က ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ကျူးကျော်မှုအတွင်း ယူကရိန်းမှာ အရပ်သား ၂၂၇ ဦး သေဆုံးပြီး ၅၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် လူပေါင်း တစ်သန်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Source – aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။