Trending Now

အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ဆက်ထောက်ပံ့နေမယ်ဆိုရင် စစ်ပွဲက ပြီးဆုံးမှာမဟုတ်ဘူးလို့ ရုရှားပြော

Spread the love

အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ဆက်ထောက်ပံ့နေမယ်ဆိုရင် စစ်ပွဲက ပြီးဆုံးမှာမဟုတ်ဘူးလို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ဆက်ထောက်ပံ့နေမယ်ဆိုရင် စစ်ပွဲက ပြီးဆုံးမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံရှိ ရုရှားသံရုံးမှ ဒုတိယစစ်သံမှူး ဆားဂေး ဆူမီးနင်က ယမန်နေ့က ပြောကြားခဲ့ပါတယ်။

“အနောက်နိုင်ငံတွေရဲ့ လက်နက်အကူအညီဟာ ပဋိပက္ခကို ချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းတဲ့ အဖြေကို ရှာတွေ့မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အပြည့်အဝ နားလည်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့က ဒီပဋိပက္ခကို ထောက်ခံနေပုံရတယ်” လို့ ဒုတိယ စစ်သံမှူးက ထောက်ပြပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ ညှိနှိုင်းဖို့ ဘယ်နိုင်ငံမှ မလုပ်ဆောင်ခဲ့သလို ရုရှားနဲ့ လုံခြုံရေး သဘောတူညီချက်ကို လက်မှတ်မထိုးချင်ခဲ့တာကြောင့် ပဋိပက္ခက စတင်ခဲ့တာပါလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီသဘောတူညီချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မိန့်ခွန်းထဲမှာ ထပ်တလဲလဲ ပြောဆိုခဲ့ပြီး ယူကရိန်းဟာ ရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အတွက် နေတိုးအဖွဲ့ဝင် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့မကြိုးစားဘဲ ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေတာဟာ ဒီပဋိပက္ခကို အဆုံးမသတ်ချင်တဲ့ ပုံပေါ်နေတယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်အစပိုင်းမှာ နေတိုးအဖွဲ့နဲ့ ပူးပေါင်းဖိုရည်ရွယ်ချက်ကို ကြေညာခဲ့တာကြောင့် ရုရှားနိုင်ငံက အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ခဲ့တာလို့ ဆိုပါတယ်။

Ref; Russia-Ukraine War Will Not End If the West Continues to Supply Weapons to Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။