Trending Now

မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ခရီးသည်နှင့်ကုန်စည်းများ ပြန်လည်ဖြတ်သန်းခွင့်ပြု

Spread the love

မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ခရီးသည်နှင့်ကုန်စည်းများ ပြန်လည်ဖြတ်သန်းခွင့်ပြု

EPN
မြစ်ကြီးနား၊ မတ် ၃

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား ယမန်နေ့ကစတင်ပြီး ခရီးသည်အပါအဝင် ကုန်စည်တင်ဆောင်သည့်ကားများအား ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မြစ်ကြီးနား-ပူတာအိုပြေးဆွဲနေသည့် ယာဉ်လိုင်းများထံမှ သိရသည်။

ပူတာအိုခရိုင် KIAနှင့်PDFပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်မတော် တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခြင်းဖြစ်ပြီး မတ်လ ၂ရက်နေ့ နံနက်အစောပိုင်းမှ စတင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း ကားဆရာတစ်ဦးကပြောသည်။

“မတ်လ ၂ရက်နေ့မှာ ပြန်လည်ခွင့်ပြုပေးခဲ့တယ် ကုန်စည်ရော စက်သုံးဆီယာဉ်တွေ ခရီးသယ်တွေပါ သွားလာလို့ရပါပြီး ဒါပေမယ့် ကန့်သတ်ထားတဲ့ ဖြတ်သန်းသွားလာခွင့်အချိန်ကိုတော့ လိုက်နာရတယ် အားလုံးအဆင်ပြေပါတယ် “ဟု မြစ်ကြီးနား-ပူတာအိုပြေးဆွဲနေသည့် ကားဆရာတစ်ဦးကပြောသည်။

ယင်းသို့ ဖြတ်သန်းခွင့်ပြုထားသော်လည်း သတ်မှတ်ထားသည့် နံနက် ၆ နာရီမှ ညနေ ၅ နာရီအချိန်ထိသာ ဖြတ်သန်းခွင့်ပြုထားကြောင်း ပူတာအိုခရိုင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့က မြစ်ကြီးနားမှ ပူတာအိုဘက်သို့ တက်လာသည့်ခရီးသယ်များနှင့်ကုန်စည်ကားများအား ဆွမ်ပရာဘွမ့်မြို့အဝင်ဂိတ်တွင် တပ်မတော်မှ ခေတ္တပိတ်ထားကြောင်း ခရီးသယ်တစ်ဦးကပြောသည်။

“မနေ့က လမ်းတွေသွားလို့ရပြီဆိုလို့ ပူတာအိုပြန်တယ် ဆွမ်ပရာဘွမ့်မြို့အဝင်ဂိတ်မှာ စစ်တပ်ဘက်က ဘာကြောင့်လည်းမသိဘူး ပြန်ပိတ်လိုက်တယ် ၃ရက်နေ့ မနက်ပိုင်းမှ အားလုံးဖြတ်သန်းခွင့်ပြုလိုက်တယ်။ အခုချိန်ကတော့ နှစ်ဖက်စလုံးရဲ့ စည်းကမ်းတွေလိုက်နာနေရတော့ ကားဆရာတွေရော ခရီးသွားတွေရော အခက်အခဲတော့ ရှိကြတယ် “ဟု အမည်မဖော်လိုသည့် ခရီးသွားတစ်ဦးကပြောသည်။

ဖေဖော်ဝါရီ လအတွင်း စစ်ကောင်စီတပ်မတော်နှင် ပူတာအိုခရိုင် KIAနှင့်PDFပူးပေါင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား ၉ရက်ကြားပိတ်ထားခဲ့ပြီး မတ်လ ၂ရက်နေ့ကပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။