Trending Now

ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစအရွယ်မှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တိုက်ကျွေးခြင်းများ ပြုလုပ်

Spread the love

ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစအရွယ်မှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တိုက်ကျွေးခြင်းများ ပြုလုပ်

EPN
ဗန်းမော် ၊ ဇွန် ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ ကလေးအထူး ကုသဆောင်တွင် မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဇွန်လ ၉ ရက်နေ့၊ နံနက် ၉ နာရီခန့်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစအရွယ်မှစ၍ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များကို လစဉ် တစ်ပတ်လျှင် (၂) ကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တိုက်ကျွေးမှုများ ပြုလုပ်ပေးနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

” မွေးကင်းစအရွယ်ကနေ အသက် (၁) နှစ်ခွဲ အရွယ်ထိ ကလေးတွေကို ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အရွယ်အစားအလိုက် ဆေးထိုး၊ ဆေးကျွေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါတယ် ” ဟု ၎င်းက‌ပြောသည်။

မွေးကင်းစအရွယ်မှ အသက် (၁) နှစ်ခွဲ အရွယ်အထိ ကလေးငယ်များကို ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော့(ရိုတာ) အစရှိသည့် ဆေးများကို အသက်အရွယ် အလိုက် ထိုးနှံပေးခြင်း တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကလေးအထူးကု ဒေါက်ဆရာမကြီးတို့က ဦးဆောင်၍ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းတို့ အား သတ်မှတ်စည်းကမ်းချက္များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက္များနှင့်အညီ ဗန်းမော်မြို့ပေါ် ရပ်ကွက်များရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား လစဉ် တစ်ပတ်လျှင် (၂) ကြိမ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။