Trending Now

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်နှင့် ဆန်းလင်းကုမ္ပဏီ သို့ နိုဇွန်ဘော် တိုက်နယ်ဆေးရုံမှ ဂုဏ်ပြု မှတ်တမ်းလွှာများချီးမြှင့်

Spread the love

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်နှင့် ဆန်းလင်းကုမ္ပဏီ သို့ နိုဇွန်ဘော် တိုက်နယ်ဆေးရုံမှ ဂုဏ်ပြု မှတ်တမ်းလွှာများချီးမြှင့်

EPN
ချီဖွေ၊ ဇွန် ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ နိုဇွန်ဘော် တိုက်နယ်ဆေးရုံမှ ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်နှင့် ဆန်းလင်းကုမ္ပဏီ တို့ အား အဆိုပါ တိုက်နယ်ဆေးရုံအတွက် ဆေးနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးသည့် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဇွန်လ (၆) ရက်နေ့က ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က နိုဇွန်ဘော်တိုက်နယ်ဆေးရုံတွင် လိုအပ်လျှက် ရှိသည့် ဆေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းပေးခဲ့အတွက် ယခုကဲ့သို့ နိုဇွန်ဘော်တိုက်နယ်ဆေးရုံမှ ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဒေသက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အသုံးပြုနိုင်အောင် တပ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီ ပေးတာ ဖြစ်ပါတယ်၊ နောင်လဲ ဆက်လက်ကူညီထောက်ပံ့ပေးသွားမှာပါ”ဟု ဦးဇခုန်ယိန်းဆောင်က ဆိုသည်။

ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်အနေဖြင့် ပြီးခဲ့သည့် မေလအတွင်းက ၎င်း၏ မဲဆန္ဒနယ် အတွင်းရှိ ကျေးရွာ ပေါင်း(၂၀)နီးပါးသို့ ကိုယ်တိုင် ကွင်းဆင်းသွားရောက်ကာ ကျေးလက် ဆေးပေးခန်း များတွင် ဆေးဝါးထောက်ပံ့ခြင်း၊ ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေးသုံး အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေသားထောက်ပံ့ခဲ့ကြောင်း သိရသည်။

အလားတူ ဆန်းလင်းကုမ္ပဏီကလည်း နိုဇွန်ဘော်တိုက်နယ်ဆေးရုံတွင် လိုအပ်လျှက်ရှိသည့် ဆေးနှင့် ဆေးဝါးပစ္စည်းများကို လှူဒါန်းခဲ့သည့်အတွက် နိုဇွန်ဘော် တိုက်နယ်ဆေးရုံက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခံရသည်။

လက်ရှိတွင် ဆန်းလင်းကုမ္ပဏီ အနေနှင့် ချီဖွေမြို့နယ်အတွင်း ဒေသခံ ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့စေရန်အတွက် ပျက်စီးနေသည့် ကျေးရွာချင်းဆက်လမ်းများ ပြုပြင်ခြင်း လုပ်ငန်းများကို ကုမ္ပဏီမှ က အကုန်အကျခံကာ ပြုပြင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကေသီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။