Trending Now

ထိုင်း မီးခိုးထူထပ်စွာအုပ်ဆိုင်းမှုတွေအတွက် မြန်မာနိုင်ငံဆီက အကူညီရယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

Spread the love

ထိုင်း မီးခိုးထူထပ်စွာအုပ်ဆိုင်းမှုတွေအတွက် မြန်မာနိုင်ငံဆီက အကူညီရယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော 
EPN
နိုင်ငံတကာ၊ ဧပြီ ၁၁
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မီးခိုးထူထပ်စွာအုပ်ဆိုင်းနေမှုကို လျှော့ပါးစေဖို့ မြန်မာ နဲ့ လာအိုနိုင်ငံတို့ရဲ့ အကူညီကိုရယူကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကပြောပါတယ်။
တောမီးလောင်ကျွမ်းမှုတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မီးခိုးငွေ့ထူထပ်စွာ အုပ်ဆိုင်းလျက်ရှိနေပြီး အဲဒီပြသာနာကို ဖြေရှင်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေပေါ်မူတည်နေပါတယ်။
ထိုင်းမြောက်ပိုင်း မီးခိုငွေ့ထူထပ်စွာ အုပ်ဆိုင်းနေတဲ့ပြသာနာကို ဖြေရှင်းနိုင်အောင် အကူညီပေးဖို့ မြန်မာ နိုင်ငံ နဲ့ လာအိုနိုင်ငံဆီ စာရေး အကူညီတောင်းထားကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ မြေပြင်မှာ တောမီး ငြိမ်းသတ်နေတဲ့ ထိုင်း မီးသတ်သမားတွေ ဟာ မီးငြိမ်းသတ်ရေးအတွက် မြန်မာ နဲ့ လက်တွေ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ 
ထိုင်း မြောက်ပိုင်းဒေသရှိ မြို့ ၉မြို့မှာ ဧပြီ ၂ ရက်က တောမီးလောင်ကျွမ်းမှုစတင်ခဲ့ပြီး လက်ရှိမှာလောင်ကျွမ်းတဲ့ပမာဏာ လျှော့နည်းလာနေပါတယ်။
——————————————————-
EPN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။