Trending Now

ကမ္ဘာ့နာမည်ကြီး အဆိုတော် ရှကီယာ ကို ထောင် ၈ နှစ် ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆို

Spread the love

ကမ္ဘာ့နာမည်ကြီး အဆိုတော် ရှကီယာ ကို ထောင် ၈ နှစ် ချမှတ်ဖို့ အစိုးရရှေ့နေတွေက တောင်းဆို

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၃၀

အခွန်လိမ်လည်မှုစွပ်စွဲချက်နဲ့ တရားရင်ဆိုင်မှုမှာ ပြစ်မှုထင်ရှားပါက ကိုလံဘီယာပေါ့ပ်စတား ရှကီယာ ကို ထောင် ၈ နှစ် နဲ့ နှစ်လ ချမှတ်ဖို့ စပိန်အစိုးရရှေ့နေတွေက တရားရုံးကို ယမန်နေ့က တောင်းဆိုဆိုလိုက်ပါတယ်။

ရှာကီယာဟာ စပိန်အစိုးရကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အခွန်ငွေ ယူရို ၁၄.၅ သန်း (ဒေါ်လာ ၁၅ သန်း) ပေးဆောင်ဖို့ ပျက်ကွက်မှုဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး ပျက်ကွက်ခဲ့တာအတွက် ဒဏ်ငွေ ယူရို ၂၄ သန်း (ဒေါ်လာ ၂၄ သန်း) ကိုလည်း တောင်းခံသွားမယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ကမ္ဘာ့နာမည်ကြီး အဆိုတော် ရှကီယာကို ယခုသီးတင်းပတ်အတွင်း အစိုးရရှေ့နေတွေက ပြေလည်မှုသဘောတူညီချက်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပေမယ့် သူမက ပယ်ချခဲ့ပြီး ရုံးတင်စစ်ဆေးဖို့ကို ရွေးချယ်ခဲ့ပါတယ်။

ရှကီယာက ပေါ် စွဲချက် ၆ ချက်နဲ. အသေးစိတ်စွဲချက်တင်ထားပြီး တရားရင်ဆိုင်ရမယ့် နေ့ကိုတော့ သတ်မှတ်ထားခြင်းမရှိသေးဘူးလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။