Trending Now

အင်းတော်ကြီးကန်အတွင်း ခရီးသွားဧည့်သည်များ ကယက်လှေဖြင့် လှည့်ပတ် ကြည့်ရှု့နိုင်မည့် ဝန်ဆောင်မှု အင်းချစ်သူများအသင်းမှ ဖွင့်လှစ်ထား

Spread the love

အင်းတော်ကြီးကန်အတွင်း ခရီးသွားဧည့်သည်များ ကယက်လှေဖြင့် လှည့်ပတ် ကြည့်ရှု့နိုင်မည့် ဝန်ဆောင်မှု အင်းချစ်သူများအသင်းမှ ဖွင့်လှစ်ထား

EPN
မြစ်ကြီးနား၊ မတ် ၃၁

အင်းတော်ကြီးကန်အတွင်း ခရီးသွားဧည့်သည်များ ကိုယ်တိုင်လှော်ခတ်ကာ အင်းအတွင်း လှည့်ပတ်ကြည့်ရှု့နိုင်မည့် ကယက်လှေ အပန်းဖြေစခန်းကို အင်းချစ်သူများအသင်းမှ ဖွင့်လှစ်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အင်းချစ်သူ ခရီးသွားလုပ်ငန်းမှာ အင်းတော်ကြီးအိုင်၌ ဂေဟအခြေပြု ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လာရောက်လည်ပတ်သူများအား သတင်း အချက်အလက်များနှင့် မြေပုံများ မျှဝေပေးခြင်း၊ ကယက်လှေများ ငှားရမ်းခြင်း၊ စက်ဘီးများ ငှားရမ်းခြင်းတို့ကို အင်းချစ်သူများအဖွဲ့က လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်နိုင်တင်းရောဂါ အခြေအနေများကြောင့် အင်းတော်ကြီးဒေသတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုလျော့နည်းလာသော်လည်း မကြာခင်အချိန်အတွင်း ခရီးသွားများ ပြန်လည် ဝင်ရောက်လာနိုင်သည့် အတွက် ကယက်လှေငှားရမ်းသည့်ဝန်ဆောင်မှုကို ဆက်လက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အင်းချစ်သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အရင်ကတော့ အဖွဲ့လိုက် လာရောက်လည်ပတ်ကြတာရှိတယ် အခုတော့ ကိုဗစ်ကာလဆိုတော့ ခရီးသွားဝင်ရောက်မှုက မရှိသလောက်နည်းသွားပြီးမကြာခင်တော့ ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာဖို့ မျှော်လင့်ထားတယ် အဓိက အင်းတော်ကြီးမှာ ဂေဟအခြေပြု ခရီးသွားလုပ်ငန်းတွေ ပိုဖွံ့ဖြိုးလာစေချင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ခရီးသွားများ ကယက်လှေငှားရမ်းနိုင်မည့်နေရာကို ယခင်က အင်းတော်ကြီးမြို့ သဘာဝ ပြခန်းတွင် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိတွင် လုံးတုန်ကျေးရွာတွင် ဖွင့်လှစ်ထားပြီး တစ်နာရီလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။