Trending Now

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပိတ်ဆို့မှုချမှတ်ပေးဖို့ အမေရိကန် အမတ်တွေတောင်းဆို

Spread the love

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပိတ်ဆို့မှုချမှတ်ပေးဖို့ အမေရိကန် အမတ်တွေတောင်းဆို

EPN
နိုင်ငံတကာ၊ မတ် ၂၁

အမေရိကန်အထက်လွှတ်တော်အမတ်တွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကို ပိတ်ဆို့မှုပြုလုပ်ဖို့  ယမန်နေ့ကတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အမေရိကန် အထက်လွှတ်တော် အမတ် လေးဦးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအို နဲ့  ဘဏ္ဍရေးဝန်ကြီး စတီဖင် မူညုချင်ဆီ  စာရေးတောင်းဆိုခဲ့တာလည်းဖြစ်တယ်လို့ Dailymail သတင်းကဆိုပါတယ်။


မြန်မာနိုင်ငံမှာ ဘင်္ဂလီတွေကိုဖြိုခွင်းမှုနဲ့ပတ်သက်လို့ တာဝန်ယူမှုတွေပိုမိုလုပ်ဆောင်ဖို့လိုနေကြောင်း၊ သိသာထင်ရှားတဲ့တိုးတက်မှုမျိုးမရှိသေးဘူးလို့ အမေရိကန် အထက်လွှတ်တော် အမတ် လေးဦးက ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးစီးချုပ်မင်းအောင်လှိုင်ကို Magnitsky Act အရ ပိတ်ဆို့မှုချမှတ်ဖို့အမေရိကန်လွှွတ်တော်အမတ်တွေကတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါဝင်  အခြားထိပ်တန်းအရာရှိတွေအပေါ်  ပိတ်ဆို့မှုချမှတ်ကာ လူအခွင့်ရေးချိုးဖောက်မှုတွေအပေါ် သည်းမခံဘူးဆိုတဲ့အချက်ကိုပြသရမယ်လို့ အမေရိကန်အထက်လွှွတ်တော် အမတ်တွေကဆိုပါတယ်။

တပ်မတော်အနေနဲ့ ဘင်္ဂလီတွေအပေါ် ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့  တိကျသေချာတဲ့သက်သေမျိုးမရှိသေးဘူးလို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီအီရှင်ဘွန်းသတင်းဌာနနဲ့အင်တာဗျူးပြုလုပ်ချိန်မှာပြောဆိုခဲ့ဖူးကြောင်းသိရပါတယ်။
—————————————–


EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။