Trending Now

မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲအတွက် ရုရှားကို စစ်သား တစ်သိန်း စေလွတ်ဖို့ပြင်ဆင်

Spread the love

မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲအတွက် ရုရှားကို စစ်သား တစ်သိန်း စေလွတ်ဖို့ပြင်ဆင်

EPN
နိုင်ငံတကာ၊ သြဂုတ် ၆

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားနိုင်ငံကို ကူညီပေးဖို့အတွက် မြောက်ကိုရီးယားက စေတနာ့ဝန်ထမ်း ၁၀၀,၀၀၀ စေလွတ်ဖို့ ကမ်းလှမ်းထားကြောင်း ရုရှားနိုင်ငံပိုင် တီဗွီသတင်းအရ သိရပါတယ်။

“မြောက်ကိုရီးယား စေတနာ့ဝန်ထမ်း ၁၀၀,၀၀၀ ဟာ ပဋိပက္ခမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းတွေရှိပါတယ်” လို့ ချန်နယ်ဝမ်း သတင်းမှာ ဆွေးနွေးပွဲ အစီအစဉ်တင်ဆက်သူ က ပြောကြားခဲ့ကြောင်း New York Post သတင်းမှာ ဖော်ပြခဲ့ပါတယ်။

မြို့တော်ကိယက်ဗ် အပါအဝင် ယူကရိန်း ရဲ့ အဓိကအစိတ်အပိုင်းတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ရုရှားရဲ့ စစ်အင်အား လျော့နည်းလာချိန်မှာ ယခုကဲ့သို့ သတင်းထွက်ပေါ်လာတာလို့ ဆိုပါတယ်။

အချို့သော ခန့်မှန်းချက်တွေအရ ရုရှားစစ်သား သေဆုံးမှုမှာ ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ မြင့်တက်လာပြီး ငါးလကျော်ကြာ စစ်ပွဲအတွင်း ရုရှား ကျဆုံးမှုအရေအတွက်ဟာ တစ်နေ့လျှင် စစ်သား ၁၀၀ ခန့်အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်ဘတ်စ် ဒေသကို ပြုပြင်ဖို့အတွက်လည်း မြောက်ကိုရီးယား ဆောက်လုပ်ရေးသမားတွေကို ရုရှားက ဖိတ်ကြားထားခဲ့တယ်လို့ ဆိုပါတယ်။

source – yahoo

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။