Trending Now

ဗိုလ်တထောင်မြိုနယ်မှာ ဖမ်းမိတဲ့တက္ကသိုလ်ကျောင်းသား ၄ ဦးကို ထောင် ဒဏ် ၃ နှစ် အမိန့်ချ

Spread the love

ဗိုလ်တထောင်မြိုနယ်မှာ ဖမ်းမိတဲ့တက္ကသိုလ်ကျောင်းသား ၄ ဦးကို ထောင် ဒဏ် ၃ နှစ် အမိန့်ချ

EPN
ရန်ကုန် ၊ သြဂုတ် ၅

ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ် ၊ အမှတ် ၄၅ လမ်းမှာ အဖမ်းခံလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား ၄ ဦးကို ဒီကနေ့ ၊ နေ့လည်ပိုင်းက အင်းစိန်ထောင် ၊ ထောင်တွင်းအထူးတရားရုံးကနေ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။

.” တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်ထက်အောင် ၊ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသူဟောင်း မမိုးမဉ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ကိုစိုင်းမင်းခန့်ကျော် တိုကို ပုဒ်မ ၅၀၅ (က) အရ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်တာ ” လို့ တရားလွှတ်တော် ရှေ့နေ တစ်ဦးက EPN ကို ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ထောင်ဒဏ် ချခံရတဲ့ တက္ကသိုလ်ကျောင်းသား ၄ ဦးဟာ ပြီးခဲ့တဲ့ မေလထဲက ဖမ်းဆီးခံရတာဖြစ်ပြီး ဒီကနေ့မှာ စီရင်ချက် အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” ပုဒ်မ ၅၀၅ (က) အမှုနဲ့ ထောင်ဒဏ် ၃ နှစ်ချတယ် ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မတွေနဲ့ အမှုထပ်ဖွင့်ထားတဲ့အတွက် တရားရင်ဆိုင်ဖို့ မပြီးပြတ်သေးဘူး ” လို့ ကျောင်းသား မိဘတယောက်ကပြောပါတယ်။

ဒါ့အပြင် အခု ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ တက္ကသိုလ်ကျောင်းသား ၄ ဦးဟာ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ အရှေ့ပိုင်းခရိုင် တရားရုံးမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ အမှု ကို ထပ်မံ ရင်ဆိုင်ရမှာဖြစ်တယ်လို ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။

သွန်းသွန်း
ဓာတ်ပုံ −ရန်ကုန်စီးပွားရေးတက္ကသိုလ်သား တဦး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။