Trending Now

ဝိုင်းမော်မြို့နယ်အတွင်း ပြည်နယ်အစိုးရ ရံပုံငွေဖြင့် ပြုလုပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အပြီးဆောင်ရွက်ကြရန် သယံဇာတရေးရာဝန်ကြီး ပြောဆို

Spread the love

ဝိုင်းမော်မြို့နယ်အတွင်း ပြည်နယ်အစိုးရ ရံပုံငွေဖြင့် ပြုလုပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အပြီးဆောင်ရွက်ကြရန် သယံဇာတရေးရာဝန်ကြီး ပြောဆို

EPN
ဝိုင်းမော်၊ဇွန် ၇

ဝိုင်းမော်မြို့နယ်အတွင်း ပြည်နယ်အစိုးရ ရံပုံငွေဖြင့် ပြုလုပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အပြီးဆောင်ရွက်ကြရန် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယမန်နေ့က သွားရောက်စစ်ဆေးစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်း ၂၀၂၂/၂၃ ဘဏ္ဍာနှစ် ပြည်နယ်ရံပုံငွေဖြင့် ပြုလုပ်သည့် မြို့တွင်လမ်းခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်သည့်လုပ်ငန်းများ အပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ကြရန်နှင့် အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်မှာကြားခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မနေ့က ဝန်ကြီးကဝိုင်းမော်မြို့နယ်အတွင်း မှာ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ပြုလုပ်ထားတဲ့ လမ်းပေါင်း (၂၁)လမ်း ၊တံတားငယ် (၁၉)စင်း ၊မြို့တွင်းရေပေးဝေရေးလုပ်ငန်း (၁)ခု ၊နောက်ပြီး မြို့တွင်း အခြား သာယာလှပရေးလုပ်ငန်းပေါင်း (၁၇)မျိုး အပါအဝင် လုပ်ငန်းပြီးစီးမှုအခြေအနတွေကို လာရောက်စစ်ဆေးတယ် လမ်းတွေ ကိုသတ်မှတ်ထားတဲ့ စံချိန်စံညွန်နဲ့ အညီလုပ်ဆောင်ကြဖို့ သုံးလပတ်လုပ်ငန်းဆိုတော့ သုံးလအတွင်းအပြီးလုပ်ဆောင်ဖို့မှာကြားခဲ့တယ် လုပ်ငန်းပြီးစီးမှုက တော့ လက်ရှိမှာ ၈၅ ရာခိုင်နှူန်းခန့်ပြီးစီးနေပါပြီ ၂၀၂၂/၂၃ ပထမ သုံးလပတ် ရံပုံငွေနဲ့ဆောင်ရွက်နေတဲ့လုပ်ငန်းတွေဖြစ်တယ် “ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဝိုင်းမော်မြို့နယ် သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပန်ခြံအတွင်း မြေယာရှူ့ခင်းများ၊ အများပြည်သူအပန်းဖြေပန်ခြံများအား ပြည်နယ်အစိုးရ ရံပုံငွေဖြင့် ပြုလုပ်ထားသည့်အပြင် မိုးတွင်းကာလ ဖြစ်သည့်အလျောက် ရေစီးရေးလာကောင်းမွန်းရေးအတွက် ရေးမြောင်ပြုပြင်မှုများ မြို့နယ်သာယာလှပစေရေးအတွက် နှစ်ရှည်ပင်စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

“ဝန်ကြီးအနေနဲ့က လုပ်ငန်းဆောင်တာတွေကို စစ်ဆေးတယ် လမ်းတွေကိုလည်း အနည်းဆုံး ၅နှစ်သတ်မှတ်ထားတယ် ၅နှစ်အတွင်း ပျက်စီးခဲ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ပြန်လည်လုပ်ဆောင်ပေးရမယ်”ဟု ၎င်းကပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်း ပြုလုပ်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်တာများအား ဝန်ကြီးမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရှေ့ဆက်လက်လုပ်ဆောင်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား လာမည့် ဘဏ္ဍာနှစ်တွင်း ထည့်သွင်းတင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။