Trending Now

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်သည့် နေရာအနီးတွင် ငလျင်ငယ်များ လှုပ်ခတ်ခဲ့

Spread the love

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်သည့် နေရာအနီးတွင် ငလျင်ငယ်များ လှုပ်ခတ်ခဲ့
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
မြောက်ကိုရီးယား၏ ပိတ်ထားရသော နျူကလီးယားစမ်းသပ်နေရာအနီးတွင် အသေးစား ငလျင်များ ဆက်တိုက်လှုပ်ခတ်သွားခဲ့ကြောင်း တောင်ကိုရီးယားက ယနေ့ ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စမ်းသပ်မှုများ ပြန်လည်စတင်နိုင်သည်ဟု ပြုံယမ်းက အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် နျူကလီးယားစမ်းသပ်ဧရိယာ၏ဘူမိဗေဒဆိုင်ရာ မတည်ငြိမ်မှုများဖြစ်ပေါ် လာခြင်းဖြစ်သည်။
တောင်ကိုးရီးယား ဆိုးလ်ရှိ မိုးလေဝသ စီမံခန့်ခွဲရေး (KMA) ၏ အဆိုအရ လွန်ခဲ့သည့် ငါးရက်အတွင်း အဆိုပါ ဒေသတွင် အနည်းဆုံး ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
နျူကလီးယားစမ်းသပ်ဇုံ မှ ၃၆ ကီလိုမီတာ (၂၂ မိုင်) အကွာတွင် ဗဟိုပြု၍ ယနေ့တွင် ပြင်းအား ၂.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆိုပါဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသေးစား ငလျင်ငယ်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား အရှေ့မြောက်ပိုင်းရှိ Punggye-ri သည် နိုင်ငံ၏ တစ်ခုတည်းသော နူကလီးယားစမ်းသပ်မှု ပြုလုပ်သည့် စက်ရုံအဖြစ် လူသိများသော စက်ရုံတစ်ခုဖြစ်ပြီး ဆဋ္ဌမမြောက်နှင့် အကြီးဆုံးနျူကလီးယားဗုံး သာမိုနျူကလီးယားလက်နက်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် နောက်ဆုံး လက်နက်စမ်းသပ်မှု ပြုလုပ်ခဲ့သည်။
သာမိုနျူကလီးယားလက်နက် ပေါက်ကွဲမှုအပြီး ရက်သတ္တပတ်များအတွင်း ယခင်က သဘာဝငလျင်များ လှုပ်ခတ်ခြင်းမရှိသည့် ဒေသတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းသည် ဒေသကို မတည်မငြိမ်ဖြစ်စေကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။
နျူကလီယား ပေါက်ကွဲမှုများသည် ဧရိယာ၏ ဘူမိဗေဒကို အပြီးအပိုင် ပြောင်းလဲသွားပုံရသည်ဟု တောင်ကိုရီးယား အစိုးရ ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး အချို့သော ကျွမ်းကျင်သူများက အဆိုပါ နေရာကို ထပ်မံအသုံးပြုပါက ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်မှုမြင့်တက်လာခဲ့သည်။
နျူကလီးယားစမ်းသပ်မှုများကြောင့် ဖြစ်ပေါ်လာသော ငလျင်လှုပ်ခတ်မှုသည် အထူးအဆန်းမဟုတ်ကြောင်းနှင့် အမေရိကန်ရှိ စမ်းသပ်ဇုံ နှင့် ကာဇက်စတန် ရှိ ဆိုဗီယက်ယူနီယံ၏ စပ်းသပ်ဇုံ ကဲ့သို့သော အဓိကနျူစမ်းသပ်ရာနေရာများတွင် မှတ်တမ်းတင်ထားကြောင်း အငြိမ်းစားလေ့လာသုံးသပ်သူ တစ်ဦးက ပြောကြားခဲ့သည်။
“ဒီလိုငလျင်လှုပ်ခတ်မှုကြောင့် Punggye-ri နျူကလီးယားစမ်းသပ်မှုကို အနာဂတ်မှာ ထပ်မံအသုံးမပြုဖို့ တားဆီးထားသင့်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်အား ပြီးစီးကြောင်း ကြေငြာပြီးနောက် ၂၀၁၈ ခုနှစ်တွင် အဆိုပါနေရာအား ပိတ်သိမ်းမှုအား ကြည့်ရှုရန် ဖိတ်ကြားထားသည့် နိုင်ငံခြားမီဒီယာအုပ်စုငယ်များ၏ ရှေ့တွင် အဆိုပါဥမင်လိုဏ်ခေါင်းများ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပိတ်သိမ်းမှုကို စစ်ဆေးရန် နိုင်ငံတကာ ကျွမ်းကျင်သူများ တောင်းဆိုမှုကို မြောက်ကိုရီးယားက ပယ်ချခဲ့သည်။
မြောက်ကိုးရီးယားခေါင်းဆောင်က သူ့အနေဖြင့် စမ်းသပ်မှုအပေါ် ဆိုင်းငံ့ထားခြင်းမရှိတော့ဘဲ နျူကလီယားလက်နက်များ သို့မဟုတ် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုများ ပြန်လည်လုပ်ဆောင်ရန် စဉ်းစားနေကြောင်း ဇန်နဝါရီတွင် အရိပ်အမြွက်ပြောကြားခဲ့သည်။
ပိတ်သိမ်းချိန်မှစ၍ ယခုအချိန်အထိ ဂြိုလ်တုဓာတ်ပုံများသည် ပုံမှန်လုံခြုံရေးကင်းလှည့်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းမှလွဲ၍ Punggye-ri တွင် လှုပ်ရှားမှု ကြီးကြီးမားမားလက္ခဏာများ မရှိသေးကြောင်း စောင့်ကြည့်အဖွဲ့များက ပြောသည်။
— ကိုးကား —
ရိုက်တာ
Ref; Small quakes reported near N.Korea nuclear site amid talk of resumed testing

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။