Trending Now

လူငယ္ေတြမွာအႏၲရာယ္ရွိတဲ့ အျပဳအမူေတြကေနတဆင့္ အ႐ြယ္မတိုင္ခင္ကိုယ္ဝန္ေဆာင္ျခင္း၊ လိင္ကတဆင့္ ကူးစက္တဲ့ေရာဂါမ်ားရရွိျခင္းအစရွိတဲ့ က်န္းမာေရး ျပႆနာေတြအျပင္ လူမႈေရး၊ ပညာေရး၊စီးပြားေရး စတဲ့ ျပႆနာမ်ားပါ ျဖစ္ေပၚေနပါတယ္ ဟု ျမိဳ႕နယ္က်န္းမာေရးဦးစီးမွဴ း ေဆးရံုအုပ္ႀကီးမွ ​ေျပာ

Spread the love

လူငယ္ေတြမွာအႏၲရာယ္ရွိတဲ့ အျပဳအမူေတြကေနတဆင့္ အ႐ြယ္မတိုင္ခင္ကိုယ္ဝန္ေဆာင္ျခင္း၊ လိင္ကတဆင့္ ကူးစက္တဲ့ေရာဂါမ်ားရရွိျခင္းအစရွိတဲ့ က်န္းမာေရး ျပႆနာေတြအျပင္ လူမႈေရး၊ ပညာေရး၊စီးပြားေရး စတဲ့ ျပႆနာမ်ားပါ ျဖစ္ေပၚေနပါတယ္ ဟု ျမိဳ႕နယ္က်န္းမာေရးဦးစီးမွဴ း ေဆးရံုအုပ္ႀကီးမွ ​ေျပာ

EPN
မိုးေကာင္း|မတ္-၂၂

လူငယ္ေတြမွာအႏၲရာယ္ရွိတဲ့ အျပဳအမူေတြကေနတဆင့္ အ႐ြယ္မတိုင္ခင္ကိုယ္ဝန္ေဆာင္ျခင္း၊ လိင္ကတဆင့္ ကူးစက္တဲ့ေရာဂါမ်ားရရွိျခင္းအစရွိတဲ့ က်န္းမာေရးျပႆနာေတြအျပင္ လူမႈေရး၊ ပညာေရး ၊စီးပြားေရး စတဲ့ ျပႆနာမ်ားပါ ျဖစ္ေပၚေနပါတယ္ ဟု မိုးေကာင္းၿမိဳ႕ ၿမိဳ႕နယ္က်န္းမာေရးဦးစီးမွဴ း​ေဆးရံုအုပ္ႀကီးမွ ​ေျပာသည္​။

ကခ်င္ျပည္နယ္မိုးေကာင္းၿမိဳ႕ ၿမိဳ႕နယ္ျပည္သူ႔ေဆးရံု အစည္းအေဝးခန္းမတြင္ မတ္-(၂၁)ႏွင့္(၂၂)ရက္ ႏွစ္ရက္တိုင္တိုင္ ျမန္မာနိုင္ငံဆရာဝန္အသင္း ASRH Project ၏ (၂၀၁၉ -၂၀ စီမံခ်က္ျဖင့္ျမန္မာနိုင္ငံဆရာဝန္အသင္းသည္The Accessto Health Fund အစီအစဥ္ျဖင့္ အသက္ ၁၅ ႏွစ္မွ ၂၄ႏွစ္ အတြင္း လူငယ္ႏွင့္ဆယ္ေက်ာ္သက္မ်ားကိုလူငယ္မ်ားႏွင့္ပတ္သက္ေသာ မ်ိဳးဆက္ပြားက်န္းမာေရး အလုပ္ရံုေဆြးေႏြးပြဲအားၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနႏွင့္The Access to Health Fundလူငယ္ေစတမန္ အဖြဲ႕တို႔ပူးေပါင္းျပဳလုပ္ရာ၌ၿမိဳ႕နယ္က်န္းမာေရးဦးစီးမွဴ း ေဆးရံုအုပ္ႀကီး မွအထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။

” ျမန္မာႏိုင္ငံရဲ႕၂၀၁၄ ခုႏွစ္  သန္းေခါင္စာရင္း စစ္တမ္းအရ လူဦးေရ အားလုံးရဲ႕ ၂၇% ခန႔္ဟာ အသက္(၁၀) ႏွစ္မွ (၂၄)ႏွစ္ၾကား လူငယ္ေတြျဖစ္ေနတာ ေတြ႕ရွိရပါတယ္.လူငယ္အင္အားစုအရင္းအျမစ္က နိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈမွာ အေထာက္အကူျပဳတဲ့အတြက္ လူငယ္ဦးေရမ်ားေနတာ ေကာင္းတဲ့အခ်က္ျဖစ္ေပမယ့္ ဒီေန႔ ေခတ္ကတိုးတက္လာသလို တဖက္မွာလည္း လူငယ္ေတြရင္ဆိုင္ေနရတဲ့အခက္အခဲ၊ ျပႆနာ ကလည္း စိတ္ပူပန္စရာ အေနအထားမွာရွိလာပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ လူပ်ိဳေဖာ္ အပ်ိဳေဖာ္ဝင္တဲ့ ေျပာင္းလဲမႈေတြနဲ႔အတူ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြ ေတြ႕ႀကဳံၾကရပါတယ္။တခ်ိဳ႕ လူငယ္ေတြမွာအႏၲရာယ္ရွိတဲ့ အျပဳအမူေတြကေနတဆင့္ အ႐ြယ္မတိုင္ခင္ကိုယ္ဝန္ေဆာင္ျခင္း၊ လိင္ကတဆင့္ ကူးစက္တဲ့ေရာဂါမ်ားရရွိျခင္းအစရွိတဲ့ က်န္းမာေရးျပႆ     နာေတြအျပင္ လူမႈေရး၊ ပညာေရး၊စီးပြားေရး စတဲ့ ျပႆနာမ်ားပါ ျဖစ္ေပၚေနပါတယ္။အဲ့ဒါေၾကာင့္ လူငယ္ေတြလမ္းမွားမေရာက္ေစဖို႔၊ ဖြံ႕ၿဖိဳးတိုးတက္မႈမေႏွာင့္ေႏွးေစဖို႔ဆိုတာ ကြၽန္ေတာ္တို႔အားလုံး ဝိုင္းဝန္းလုပ္ေဆာင္ဖို႔လိုပါတယ္”ဟုၿမိဳ႕နယ္က်န္းမာေရးဦးစီးမွဴ း ေဆးရံုအုပ္ႀကီးေဒါက္တာေကာင္းျမတ္စံကအလုပ္ရံုေဆြးေႏြးပြဲတြင္ထည့္သြင္းေဆြးေႏြးခဲ့သည္။

အဆိုပါအလုပ္ရံုေဆြးေႏြးပြဲ တြင္ မိမိဆႏၵအေလ်ာက္ေလ့လာသင္ယူလိုသူ(ေဗာ္လံတီယာ)လူငယ္(၃၀)ဦးတက္ေရာက္ခဲ့၍လူငယ္မ်ားႏွင့္ပတ္သက္ေသာအ႐ြယ္မတိုင္ခင္ကိုယ္ဝန္ေဆာင္ျခင္း၊ လိင္မွတဆင့္ ကူးစက္ေသာေရာဂါမ်ားရရွိျခင္းမွာ မသိနားမလည္မႈ အေပ်ာ္လြန္မႈ  သူငယ္ခ်င္းမ်ားဖိအားေပးတာနားေယာင္မႈ ရည္းစားကအတင္းေတာင္းဆိုမႈ ဆိတ္ကြယ္ရာကိုႏွစ္ေယာက္တည္းသြားၿပီးကိုယ့္စိတ္ကိုမထိန္းနိုင္မႈ အရက္နဲ႕မူးယစ္ေဆးဝါး သုံးထားမႈ ဘယ္လိုကာကြယ္ရမယ္ဆိုတာမသိမႈ ေငြတစ္ခုတည္းၾကည့္မိမႈ ဗီဒီယိုေတြႏွင့္စာအုပ္ေတြကိုအတုခိုးမိမႈစသည့္အေၾကာင္းအရာမ်ားေၾကာင့္ျဖစ္ေၾကာင္းကိုလူငယ္ေစတမန္ Projet Manager ကိုဧကရာဇ္ဟန္၏ဦးေဆာင္မႈျဖင့္ ပြင့္လင္းျမင္သာဖြင့္ခ်ေျပာဆိုေဆြးေႏြးၾကသည္။

ဆက္လက္၍မိုးေကာင္းၿမိဳ႕နယ္ရွိ လူငယ္မ်ား၏အေတြ႕အႀကံဳ ခံစားခ်က္ႏွင့္လိုအပ္ခ်က္တို႔ကိုဆြးေႏြးၿပီးလူငယ္မ်ားထံမွအႀကံဥာဏ္မ်ားကိုရယူခဲ့သည္။

“က်ေနာ္တို႔ကမိမိဆႏၵအေလ်ာက္ေလ့လာသင္ယူလိုသူ(ေဗာ္လံတီယာ)လူငယ္(၃၀)ဦးထဲကမွ မိုးေကာင္းၿမိဳ႕နယ္အတြက္ Field Coordinator(ကြင္းဆင္းညႈိႏိႈင္းေရးမွဴ း)တစ္ဦးကိုေရြးခ်ယ္ၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္သြားမွာပါ။ဟုProjet Manager ကိုဧကရာဇ္ဟန္မွဆိုသည္။

အဆိုပါ က်န္းမာေရးစီမံခ်က္လုပ္ငန္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္တို႔တြင္ ေဆာင္႐ြက္မည္ျဖစ္ၿပီးကခ်င္ျပည္နယ္၌ ျမစ္ႀကီးနားၿမိဳ႕၊ မိုးေကာင္းၿမိဳ႕ ႏွင့္မိုးညွင္းၿမိဳ႕ တို႔တြင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းသိရသည္။

ခ်ိဳေမာင္
———————————
လူငယ်တွေမှာအန္တရာယ်ရှိတဲ့ အပြုအမူတွေကနေတဆင့် အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ကတဆင့် ကူးစက်တဲ့ရောဂါများရရှိခြင်းအစရှိတဲ့ ကျန်းမာရေး ပြဿနာတွေအပြင် လူမှုရေး၊ ပညာရေး၊စီးပွားရေး စတဲ့ ပြဿနာများပါ ဖြစ်ပေါ်နေပါတယ် ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူ း ဆေးရုံအုပ်ကြီးမှ ပြော

EPN
မိုးကောင်း|မတ်-၂၂

လူငယ်တွေမှာအန္တရာယ်ရှိတဲ့ အပြုအမူတွေကနေတဆင့် အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ကတဆင့် ကူးစက်တဲ့ရောဂါများရရှိခြင်းအစရှိတဲ့ ကျန်းမာရေးပြဿနာတွေအပြင် လူမှုရေး၊ ပညာရေး ၊စီးပွားရေး စတဲ့ ပြဿနာများပါ ဖြစ်ပေါ်နေပါတယ် ဟု မိုးကောင်းမြို့ မြို့နယ်ကျန်းမာရေးဦးစီးမှူ းဆေးရုံအုပ်ကြီးမှ ပြောသည်။

ကချင်ပြည်နယ်မိုးကောင်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် မတ်-(၂၁)နှင့်(၂၂)ရက် နှစ်ရက်တိုင်တိုင် မြန်မာနိုင်ငံဆရာဝန်အသင်း ASRH Project ၏ (၂၀၁၉ -၂၀ စီမံချက်ဖြင့်မြန်မာနိုင်ငံဆရာဝန်အသင်းသည်The Accessto Health Fund အစီအစဉ်ဖြင့် အသက် ၁၅ နှစ်မှ ၂၄နှစ် အတွင်း လူငယ်နှင့်ဆယ်ကျော်သက်များကိုလူငယ်များနှင့်ပတ်သက်သော မျိုးဆက်ပွားကျန်းမာရေး အလုပ်ရုံဆွေးနွေးပွဲအားမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်The Access to Health Fundလူငယ်စေတမန် အဖွဲ့တို့ပူးပေါင်းပြုလုပ်ရာ၌မြို့နယ်ကျန်းမာရေးဦးစီးမှူ း ဆေးရုံအုပ်ကြီး မှအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

” မြန်မာနိုင်ငံရဲ့၂၀၁၄ ခုနှစ်  သန်းခေါင်စာရင်း စစ်တမ်းအရ လူဦးရေ အားလုံးရဲ့ ၂၇% ခန့်ဟာ အသက်(၁၀) နှစ်မှ (၂၄)နှစ်ကြား လူငယ်တွေဖြစ်နေတာ တွေ့ရှိရပါတယ်.လူငယ်အင်အားစုအရင်းအမြစ်က နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အကူပြုတဲ့အတွက် လူငယ်ဦးရေများနေတာ ကောင်းတဲ့အချက်ဖြစ်ပေမယ့် ဒီနေ့ ခေတ်ကတိုးတက်လာသလို တဖက်မှာလည်း လူငယ်တွေရင်ဆိုင်နေရတဲ့အခက်အခဲ၊ ပြဿနာ ကလည်း စိတ်ပူပန်စရာ အနေအထားမှာရှိလာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ လူပျိုဖော် အပျိုဖော်ဝင်တဲ့ ပြောင်းလဲမှုတွေနဲ့အတူ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ တွေ့ကြုံကြရပါတယ်။တချို့ လူငယ်တွေမှာအန္တရာယ်ရှိတဲ့ အပြုအမူတွေကနေတဆင့် အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ကတဆင့် ကူးစက်တဲ့ရောဂါများရရှိခြင်းအစရှိတဲ့ ကျန်းမာရေးပြဿ     နာတွေအပြင် လူမှုရေး၊ ပညာရေး၊စီးပွားရေး စတဲ့ ပြဿနာများပါ ဖြစ်ပေါ်နေပါတယ်။အဲ့ဒါကြောင့် လူငယ်တွေလမ်းမှားမရောက်စေဖို့၊ ဖွံ့ဖြိုးတိုးတက်မှုမနှောင့်နှေးစေဖို့ဆိုတာ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပါတယ်”ဟုမြို့နယ်ကျန်းမာရေးဦးစီးမှူ း ဆေးရုံအုပ်ကြီးဒေါက်တာကောင်းမြတ်စံကအလုပ်ရုံဆွေးနွေးပွဲတွင်ထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ တွင် မိမိဆန္ဒအလျောက်လေ့လာသင်ယူလိုသူ(ဗော်လံတီယာ)လူငယ်(၃၀)ဦးတက်ရောက်ခဲ့၍လူငယ်များနှင့်ပတ်သက်သောအရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခြင်း၊ လိင်မှတဆင့် ကူးစက်သောရောဂါများရရှိခြင်းမှာ မသိနားမလည်မှု အပျော်လွန်မှု  သူငယ်ချင်းများဖိအားပေးတာနားယောင်မှု ရည်းစားကအတင်းတောင်းဆိုမှု ဆိတ်ကွယ်ရာကိုနှစ်ယောက်တည်းသွားပြီးကိုယ့်စိတ်ကိုမထိန်းနိုင်မှု အရက်နဲ့မူးယစ်ဆေးဝါး သုံးထားမှု ဘယ်လိုကာကွယ်ရမယ်ဆိုတာမသိမှု ငွေတစ်ခုတည်းကြည့်မိမှု ဗီဒီယိုတွေနှင့်စာအုပ်တွေကိုအတုခိုးမိမှုစသည့်အကြောင်းအရာများကြောင့်ဖြစ်ကြောင်းကိုလူငယ်စေတမန် Projet Manager ကိုဧကရာဇ်ဟန်၏ဦးဆောင်မှုဖြင့် ပွင့်လင်းမြင်သာဖွင့်ချပြောဆိုဆွေးနွေးကြသည်။

ဆက်လက်၍မိုးကောင်းမြို့နယ်ရှိ လူငယ်များ၏အတွေ့အကြုံ ခံစားချက်နှင့်လိုအပ်ချက်တို့ကိုဆွးနွေးပြီးလူငယ်များထံမှအကြံဉာဏ်များကိုရယူခဲ့သည်။

“ကျနော်တို့ကမိမိဆန္ဒအလျောက်လေ့လာသင်ယူလိုသူ(ဗော်လံတီယာ)လူငယ်(၃၀)ဦးထဲကမှ မိုးကောင်းမြို့နယ်အတွက် Field Coordinator(ကွင်းဆင်းညှိုနှိုင်းရေးမှူ း)တစ်ဦးကိုရွေးချယ်ပြီးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမှာပါ။ဟုProjet Manager ကိုဧကရာဇ်ဟန်မှဆိုသည်။

အဆိုပါ ကျန်းမာရေးစီမံချက်လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်မည်ဖြစ်ပြီးကချင်ပြည်နယ်၌ မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့ နှင့်မိုးညှင်းမြို့ တို့တွင်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။