Trending Now

ယူကရိန်းနိုင်ငံကို လီယိုပတ်ဒ်တင့်ကားတွေပို့ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို စပိန်ပြန်လည်ရုပ်သိမ်း

Spread the love

ယူကရိန်းနိုင်ငံကို လီယိုပတ်ဒ်တင့်ကားတွေပို့ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို စပိန်ပြန်လည်ရုပ်သိမ်း

 

EPN

နိုင်ငံတကာ၊ သြဂုတ် ၅

ကျူးကျော်လာတဲ့ရုရှားတပ်တွေကို ပြန်လည်တိုက်ထုတ်ရာမှာအထောက်အကူဖြစ်စေဖို့ ယူကရိန်းနိုင်ငံအတွက် ဂျာမန်ထုတ်လီယိုပတ်ဒ်တင့်ကားတွေပို့ဆောင်ပေးမယ်ဆိုတဲ့ အစီစဉ်ကို စပိန်အစိုးရက ပြန်လည် ရုပ် သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်းမှာ ယူကရိန်းနိုင်ငံကို သွားရောက်စဉ်အတွင်း ယူကရိန်းနိုင်ငံရဲ့ခုခံစစ်ကို အထောက်အကူပြုဖို့အ တွက် ဂျာမန်ထုတ်လီယိုပတ်ဒ်တင့်ကား ၁၀ စီးထက်မနည်း ပို့ဆောင်ပေးမယ်လို့ စပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန် ချက်ဇ်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလိုတင့်ကားတွေပေးပို့ရာမှာ ဂျာမန်ပါလီမန်ရဲ့ခွင့်ပြုချက်လိုအပ်ပြီး လုပ်ထုံးလုပ်နည်းတွေ ရှု့ပ်ထွေး လာတာကြောင့် အဲဒီအစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီတင့်ကားတွေကို နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေပြန်လည်ပြုလုပ်ပြီး တဲ့အချိန်မှာ စပိန်နိုင်ငံက ယူကရိန်းကို အဲဒီတင့်ကားတွေတင်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါ တယ်။

နည်းပညာအရဆန်းစစ်လေ့လာကြည့်တဲ့အခါ Casetas စစ်အခြေစိုက်စခန်းမှာ နှစ်ပေါင်းများစွာ ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ လီယိုနတ်ဒ်တင့်ကားတွေဟာ သုံးလို့မရလောက်တဲ့အထိ အခြေအနေအထိရောက်ရှိနေတာ ကို သိရကြောင်း စပိန်ကာကွယ်ရေးဝန်ကြီး မာဂရီတာရာဘယ်လ်က ပြောပါတယ်။

လီယိုပတ်ဒ်တင့်ကားတွေဟာ သုံးလို့မရလောက်အောင် ဆိုးရွားတဲ့အခြေအနေမှာရောက်နေပြီး အဲဒီတင့်ကား တွေကို ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်မယ့်သူတွေကို အန္တရာယ်ပေးနိုင်ကြောင်း ရာဘယ်လ်ကပြောပါတယ်။

“ကျွန်မတို့ ဒီကနေ့ အခြေအနေအားလုံးကို စစ်ဆေးကြည့်ရှုနေပါတယ်။ ကျွန်မပြောနိုင်တာကတော့ ဇာရာဂိုဇာ မှာရှိတဲ့ လီယိုပတ်ဒ်တင့်ကားတွေကို အသုံးမပြုဘဲ ပစ်ထားတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ အဲဒီတင့်ကားတွေ ကို ပို့ပေးဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီတင့်ကားတွေကို အသုံးပြုရင် အန္တရာယ်ရှိနိုင်တာမို့လို့ အဲဒီတင့်ကားတွေကို တ ခြားနိုင်ငံတွေကို ပို့ပေးဖို့ မဖြစ်နိုင်ပါဘူး။” လို့ ရာဘယ်လ်က သတင်းထောက်တွေကို ပြောပါတယ်။

စပိန်အစိုးရက ကတိပြုထားတဲ့တင့်ကားတွေကို မပေးပို့တော့ပေမဲ့ ပြဿနာတွေပတ်ပတ်လည်ဝိုင်းနေတဲ့ ယူက ရိန်းအစိုးရကို ထောက်ပံ့မှုတွေပေးပို့ခဲ့ပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီလအတွင်း ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးဆင်နွှဲတယ်လို့ ကြေ ညာလိုက်ပြီး သီတင်းပတ်အတွင်းမှာပဲ မတ်လအတွင်း စပိန်အစိုးရက ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်း တွေ ထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Ref: Spain Withdraws Offer to Send Leopard Tanks to Ukraine


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။