Trending Now

စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ဆင်ဘိုမြို့နှင့်မြစ်ကြီးနား ပြေးဆွဲနေသော ငွေဧရာ အမြန်ရေယာဉ်စီးခများ ဈေးမြင့်တက်

Spread the love

စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ဆင်ဘိုမြို့နှင့်မြစ်ကြီးနား ပြေးဆွဲနေသော ငွေဧရာ အမြန်ရေယာဉ်စီးခများ ဈေးမြင့်တက်

EPN
မြစ်ကြီးနား၊ ဇွန် ၃

စက်သုံးဆီဈေးနူန်း မြင့်တက်လာမှုကြောင်း မြစ်ကြီးနား -ဆင်ဘို ပြေးဆွဲနေသည့် ငွေဧရာအမြန်ရေယာဉ် စီးခနှုန်းထားများကို တိုးမြှင့် ကောက်ခံလျက်ရှိကြောင်း အဆိုပါအသင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခင်က မြစ်ကြီးနား -ဆင်ဘို ခရီးစဉ်အတွက် ယာဉ်စီးခနှုန်းထားများမှာ ရိုးရိုးတန် ၈၀၀၀ အထူးတန် ၁၀၀၀၀ ဖြင့် ကောက်ခံခဲ့ရာမှ လက်ရှိတွင် ရိုးရိုးတန်ခရီးစဉ်အတွက် ၁၁၀၀၀ ကျပ်နှင့် အထူးတန်ခရီးစဉ်အတွက် ၁၃၀၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ယခုလိုအမြန်ယာဉ်ခတွေကို အနည်းငယ် တိုးမြင့် ကောက်ခံရတယ်ဆိုတာက စက်သုံးဆီဈေးနူန်းတွေ အဆမတန် မြင့်တက်လာတဲ့ အတွက် အခုလို တိုးမြင့်ကောက်ခံရခြင်း ဖြစ်ပါတယ် အခုလို တိုးမြင့် ကောက်ခံလိုက်ပေမယ့်လည်း စီးနင်းတဲ့ခရီသယ်ကတော့ လျော့ပါး သွားချင်တော့ မရှိပါဘူး” ဟု၎င်းကပြောသည်။

ယင်းကဲ့သို့ အမြန်ရေယာဉ်နူန်းထားများ တိုးမြင့်လိုက်သော်လည်း ခရီးသည်များအနေဖြင့် ရေလမ်းကြောင်းကိုသာ အဓိကအားထား၍ အသုံးပြုနေရသည့်အတွက် ခရီးသည်များ လျော့ပါးသွားခြင်းမရှိဘဲ နေ့စဉ် အစုန်တစ်စီး အဆန်တစ်စီး ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

နန့်ခူး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။