Trending Now

“ပြည်ထောင်စုနေ့ ဒို့မမေ့”

Spread the love

“ပြည်ထောင်စုနေ့ ဒို့မမေ့”
မြန်မာတို့ရဲ့ သမိုင်းမှာ
နေ့ထူးနေ့မြတ် များစွာပါ။
ဖေဖော်ဝါရီ တစ်ဆယ့်နှစ်၊
ပြည်ထောင်စုနေ့ တွင်ကျန်ရစ်။
သမိုင်းအသစ် ထွန်းလို့ပေါ်၊
တိုင်းရင်းသားတို့ လက်တွဲပျော်။
မြေပြန့်တောင်ပေါ် မခွဲခြား၊
ကချင်၊ ချင်းနဲ့ မွန်၊ ကယား။
တစ်မိတည်းဖွား သွေးသားပမာ။
ကရင်၊ ရခိုင်နဲ့ ရှမ်း၊ ဗမာ။
လျှောက်လှမ်းလို့လာ တူလက်တွဲ၊
ချစ်ချစ်ခင်ခင် စည်းလုံးမြဲ။
ညီညွှတ်အားနှင့် သွေးစည်းကာ၊
လွတ်လပ်ရေးကို ရယူတာ။
အဓွန့်ရှည်ကြာ ခိုင်မာကျစ်၊
တိုင်းရင်းသားတို့ လက်တွဲချစ်။
ခုနှစ်ဆယ့်ခြောက်နှစ် တိုင်ခဲ့ပေ၊
ပြည်ထောင်စုနေ့ ရောက်ပြီလေ။
ပင်လုံမြို့ရယ် သက်သေထား၊
ဗိုလ်ချုပ်ကိုယ်တိုင် စာချုပ်သွား။
လွတ်လပ်မှုအား အစပြုလာ၊
ပြည်ထောင်စုနေ့ မမေ့ပါ။
နောင်လာနောက်သား ရင်သွေးတို့၊
လက်ဆင့်ကမ်းကာ ထိန်းသိမ်းစို့။ ။
မာလုကိုင်(မနောမြေ)
၂၂.၁.၂၀၂၃

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။