Trending Now

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေး အဖြေရှာကြရန် အာဆီယံ ဥက္ကဌ တိုက်တွန်း

Spread the love

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေး အဖြေရှာကြရန် အာဆီယံ ဥက္ကဌ တိုက်တွန်း

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနေသည့်အပေါ် လွန်စွာ စိုးရိမ်ပှုပန်မိကြောင်း နှင့် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာကြရန် အာဆီယံ ဥက္ကဌ က ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်တွင်း ဗုံးခွဲတိုက်ခိုက်မှု၊ ကရင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများနှင့် အရပ်သားစုဝေးမှုများ ဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည့် ကချင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အာဆီယံက စိုးရိမ်ပူပန်လျက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း များပြားလာသည့် အကြမ်းဖက်မှုများ၊ လူအသေအပျောက်များ နှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် ဝေဒနာများအပေါ် အာဆီယံအဖွဲ့က လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုအခြေအနေ ပိုမိုဆိုးရွားစေရုံသာမက အာဆီယံ၏ သဘောတူညီမှုငါးရပ်၏ စိတ်ဓာတ်ကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘာပတိ၏ အထူးသံတမန်၏ တိုးတက်မှု ရှိလာစေရန် ကြိုးပမ်းအားထုတ်မှုကို ပျက်ပြားစေမည့် နောက်ဆုံးပြင်းထန်သော တိုက်ပွဲများကို သတိဖြင့် စောင့်ကြည့်နေကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အထူးသဖြင့် မြေပြင်တွင် သက်ဆိုင်သည့် အဖွဲ့အစည်းများက အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေရန် နှင့် အများသား ပြန်လည်သင့်မြတ်ရေး၊ ဒေသတွင်း လုံခြုံတည်ငြိမ်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်သွားကြရန် တိုက်တွန်းဖော်ပြထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။