Trending Now

ဗြိတိန်က ကင်ဆာရောဂါကို ကုသပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ထိုးဆေးကို တီထွင်နိုင်ခဲ့

Spread the love

ဗြိတိန်က ကင်ဆာရောဂါကို ကုသပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ထိုးဆေးကို တီထွင်နိုင်ခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၀

ဗြိတိန်နိုင်ငံရဲ့ အစိုးရပိုင် ကျန်းမာရေးဌာနက ကင်ဆာဝေဒနာရှင်တွေကို ကုသချိန်သိသိသာသာ လျော့ချပေးနိုင်တဲ့ ထိုးဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး ကင်ဆာရောဂါကို ထိုးဆေးနဲ့ ကုသပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

အဆိုပါ ထိုးဆေးကို ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ ကြီးကြပ်ကွပ်ကဲမှုအေဂျင်စီ (MHRA) က အတည်ပြုခဲ့ပြီး ရာနဲ့ချီတဲ့ လူနာတွေကို ကုသမှုပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ကင်ဆာလူနာတွေကို atezolizumab လို့ခေါ်တဲ့ သွေးကြောထဲကို တိုက်ရိုက်ဆေးသွင်းပေးတဲ့ ကုထုံးနဲ့ ကုသပေးလေ့ရှိပြီး အချိန်အားဖြင့် မိနစ် ၃၀ ဝန်ကျင်အထိကြာတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အချို့သောလူနာတွေမှာ သွေးပြန်ကြော ပြဿနာတွေရှိတဲ့အတွက် ခက်ခဲမှုနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

အရေပြားအောက်ကိုကို တိုက်ရိုက်ထိုးသွင်းတဲ့ အခုနည်းလမ်းသစ်ကတော့ ၇ မိနစ်ခန့်သာကြာပြီး ကုသမှုအချိန်ကို လေးပုံသုံးပုံအထိ လျော့ချနိုင်မယ်လို့ ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

Atezolizumab ဟာ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ဖယ်ရှားပစ်ဖို့နဲ့ လူနာရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ခုခံအားကုထုံးဆေးတစ်မျိုးဖြစ်ပါတယ်။ အဆုတ်၊ ရင်သား၊ အသည်းနဲ့ ဆီးအိမ်ကင်ဆာများအပါအဝင် ကင်ဆာရောဂါအမျိုးမျိုးကို ကုသဖို့ လူနာရဲ့ သွေးကြောထဲကို တိုက်ရိုက် ပေးသွင်းလေ့ရှိတယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံမှာ တစ်နှစ်ကို atezolizumab ကုသမှုခံယူတဲ့ လူနာအကြမ်းဖျင်းအားဖြင့် လူနာ ၃၆၀၀ ခန့်ရှိပြီး အများစုဟာ ပိုမိုမြန်ဆန်တဲ့ ထိုးဆေးနည်းလမ်းကို ပြောင်းလည်းအသုံးပြုကြလိမ့်မယ်လို့ ကျန်းအာရေးအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ပုံမှန်အတိုင်းကုသမှု ခံယူလိုတဲ့ လူနာတွေကိုလည်း atezolizumab နဲ့ ဆက်လက်ကုသပေးသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကုသမှုနည်းလမ်းအသစ်ဟာ လူနာတွေအတွက် ကုသမှုကို ပိုမိုအဆင်ပြေစေရုံသာမက တစ်နေ့ထဲမှာပဲ လူနားအများပြားကို ကုသပေးနေတဲ့ ကျန်းမာရေးစောက်ရှောက်မှုအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့ ဗြိတိန်က မျှော်လင့်ထားပါတယ်။

ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။