Trending Now

KNU/KNLA ၊ KIA၊ AA၊ RCSS စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများမှ ပြစ်ဒဏ်ကျခံနေရသူ ၄၁ ဦးတိုကို နစကမှ လွတ်ငြိမ်းခွင့်ပြု

Spread the love

KNU/KNLA ၊ KIA၊ AA၊ RCSS စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများမှ ပြစ်ဒဏ်ကျခံနေရသူ ၄၁ ဦးတိုကို နစကမှ လွတ်ငြိမ်းခွင့်ပြု

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၉

KNU/KNLA ၊ KIA၊ AA၊ RCSS စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများမှ ပြစ်ဒဏ်ကျခံနေရသူ ၄၁ ဦးတိုကို နစကမှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ထောင်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ပြစ်ဒဏ်ကျခံနေသူ ၄၁ ဦးတွင် AA လက်နက်ကိုင်အဖွဲ့မှ ၁၇ ဦး၊ KIA လက်နက်ကိုင်အဖွဲ့မှ ၁၇ ဦး၊ RCSS/SSA လက်နက်ကိုင်အဖွဲ့မှ ၅ ဦး၊ KNU/KNLA လက်နက်ကိုင်အဖွဲ့မှ ၂ ဦး ပါဝင်ကြောင်း သိရသည်။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းသည်ဟု ယင်းအမိန့်စာတွင် ဖော်ပြပါရှိသည်။

ယခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့တွင်လည်း အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အလုပ်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသူ၊ အကျဉ်းသား ပေါင်း (၅၇၇၄)ဦးနှင့် အခြား အကျဉ်းသား ၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမှုဖွင့်တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦး တို့ကိုလည်း ၎င်းတို့အပေါ်စွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား/သူ ၄ ဦးတို့ကိုလည်း ပြစ်ဒဏ်များ လွှတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။