Trending Now

တရုတ်နိုင်ငံ အလယ်ပိုင်း အဝေးပြေးလမ်း မြေပြိုမှုကြောင့် လူတစ်ဦး သေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ

Spread the love

တရုတ်နိုင်ငံ အလယ်ပိုင်း အဝေးပြေးလမ်း မြေပြိုမှုကြောင့် လူတစ်ဦး သေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

တရုတ်နိုင်ငံအလယ်ပိုင်းက အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ မြေပြိုကျမှုဖြစ်ပွားခဲ့လို့ လူတစ်ဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူတွေက ဇူလိုင် ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

စနေနေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း ဒဏ်ရာရရှိသူ ၆ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ကြောင်း ဟူဘေးပြည်နယ် တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနက အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကို စတင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်အဖွဲ့တစ်ဖွဲ့ စေလွတ်ခဲ့တယ်လို့ WeChat ကနေ ထုတ်ပြန်ခဲ့ပါတယ်။

မြေပြိုမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးက အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပြီး တရုတ်အစိုးရကလည်း မိုးရွာသွန်းမှုနဲ့ အခြားသော သဘာဝဘေးအန္တရာယ်တွေကို သတိရှိရှိနဲ့ လျင်မြန်စွာတုံ့ပြန်ဖို့ ဒေသန္တရအစိုးရတွေကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ နေရာအနှံ့အပြားမှာ ရက်သတ္တပတ်များစွာအတွင်း မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူအသေအပျောက်များတဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်လက စီချွမ်ပြည်နယ်မှာ မိုင်းတွင်းတစ်ခု ပြိုကျခဲ့လို့ လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။