Trending Now

ကချင်​ပြည်​နယ်​အတွင်း အ​သေးစား​နှင့်​ လက်​လုပ်​လက်​စားလုပ်​ကွက်​ (​​ရွှေ)လုပ်​ကွက်​တရားဝင်​ခွင့်​ပြု

Spread the love

ကချင်​ပြည်​နယ်​အတွင်း အ​သေးစား​နှင့်​ လက်​လုပ်​လက်​စားလုပ်​ကွက်​ (​​ရွှေ)လုပ်​ကွက်​တရားဝင်​ခွင့်​ပြု

EPN

လွမ်း​အောင်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက် (ရွှေ)လုပ်ကွက်တရားဝင်ခွင့်ပြု
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဒါရှီလဆိုင်းဦးဆောင်သောအဖွဲ့နှင့် နှင့်လုပ်ကွက်စီစစ်ချထားရေးအဖွဲ့၏ဖေဖော်ဝါရီလ ၁၉ရက်နေ့က ကချင်ပြည်နယ်သတ္တု တွင်းဦးစီးဌာနရုံး၌ပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ အသေးစားရွှေလုပ်ကွက် ၅၈ကွက်နှင့်လက်လုပ်လက်စား (၂)ကွက်တို့ အားတရားဝင်ခွင့်ပြုပေးလိုက်ပြီးဖြစ်သည်။
ယနေ့ (ဖေဖေါ်ဝါရီ ၂၀)ရက်နေ့က ကချင်ပြ ည်နယ်သတ္တု တွင်းဦးစီးဌာနရုံးအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည့် အသေးစားနှင့်လက်လုပ်လက်စား(ရွှေ)လုပ်ကွက် ခွင့်ပြုမိန့်ထုတ်ပေးသည့်အခမ်းအနားတွင် ဝိုင်းမော်မြို့နယ်၊မချမ်းဘော့မြို့နယ်၊ဆွမ်ပရာဘွမ်မြို့နယ်၊ရှင်ဗွေယန်မြို့နယ်၊ရွေကူမြို့နယ်နှင့် မိုးမောက်မြို့နယ် အတွင်းရှိ ကုမ္ပဏီ (၁၈)ခုအတွက် အသေးစား(ရွှေ)လုပ်ကွက် ၅၈ကွက်၊လက်လုပ်လက်စား ၂ကွက်တို့ကို တရားဝင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်တရားဝင်ခွင့်ပြုပေးရခြင်းမှာ ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ပြီး
ယနေ့ ခွင့်ပြုမိန့်ရရှိသည့် အသေးစားနှင့်လက်လုပ်လက်စား လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်သက်တမ်း ပထမကာလ ၅နှစ်၊ဒုတိယကာလ ၅နှစ် လုပ်ကိုင်ခွင့်သက်တမ်း၁၀နှစ်ရရှိမည်ဖြစ်ပြီး နောက်ထပ်လျောက်ထားမည့်သူများကိုလည်းခွင့်ပြုပေးသွားဖို့ရှိကြောင်းကချင် ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းထိမ်းရေးဝန်ကြီးကဆိုသည်။
“နောက်ထပ်လျောက်လာတဲ့သူတွေရှိရင်တော့ သေချာကွင်းဆင်းစစ်ဆေးပြီးတော့မှ ခွင့်ပြုပေးသွားမှာပါ”ဟု သယံဇာတဝန်ကြီးဦးဒါရှီလှဆိုင်းကပြောသည်။
အသေးစားနှင့် လက်လုပ်လက်စား (ရွှေ)လုပ်ကွက်ရရှိထားသူများသည် ပြည်နယ်ရန်ပုံငွေအဖြင့် ပေးဆောင်ရမည့် အခွန်အခများမှာလက်လုပ်လက်စားလုပ်ငန်းရှင်များအနေဖြင့် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်(၁,၁၂၂,၁၄၁)၊လက်လုပ်လက်စားလုပ်ငန်းရှင်များအနေဖြင့် စုစုပေါင်းငွေကျပ်(၅,၀၄၈,၅၆၃)ကျပ်သတ္တု တွင်းဦးစီးဌာနသို့ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။